March 2018

ကိုယ့်စကားနားထောင်အောင် ကလေးကိုဘယ်လို လေ့ကျင့်သင်ကြား ပေးမလဲ

အခုခေတ်လို တီဗီတွေ၊​ ဗီဒီယိုဂိမ်းတွေ၊ လက်ကိုင်ဖုန်းဂိမ်းတွေ မှိုလိုပေါက်နေတဲ့ ဒစ်ဂျစ်တယ် ခေတ်ကြီးမှာ ကလေးတွေရဲ့ မိဘတွေအပေါ် အာရုံစိုက်မှုဟာလဲ ကျဆင်းလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကလေးရှိတဲ့ မိဘတိုင်းလိုလို ကိုယ့်ကလေးက ကိုယ်ပြောတာကို မကြားတာ၊ ကြားပေမယ့် တစ်ခါထဲနဲ့ ပြန်မဖြေတာ၊ ကိုယ်ပြောတာကို တုန့်ပြန်မှုရဖို့ ၃-၄ ခါ ထပ်ခါထပ်ခါ ပြောရတာတွေ မကြာခန ကြုံကြရ မှာပါ။ ကလေးတွေရဲ့ ဗီဇကိုကလဲ သူတို့ကြားချင်တာကို ကြားပြီး သူတို့မကြားလိုတာကို မကြားပဲ နေတတ်တဲ့ အမူအကျင့် ရှိကြပါတယ်။ ဒီလိုကြုံလာတာ များလာရင် မိဘလုပ်သူကလဲ စိတ်တိုပြီး ကလေးကို အော်ငေါက်မိတာ၊ ရိုက်နှက်မိတာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ မိဘက စကားပြောတဲ့အခါ ကလေးလုပ်သူက ချက်ခြင်း အာရုံစိုက် နားထောင်အောင် ကလေးကို …

ကိုယ့်စကားနားထောင်အောင် ကလေးကိုဘယ်လို လေ့ကျင့်သင်ကြား ပေးမလဲ Read More »

ကလေးတွေ ဘဝအောင်မြင်ရေးအတွက် Marshmallow Experiment ကပေးတဲ့ မိဘတွေအတွက် သင်ခန်းစာ

၁၉၆၀ ခုနှစ်မှာ အမေရိကန်နိုင်ငံ စတင်းဖို့ တက္ကသိုလ်က စိတ်ပညာပါမေက္ခ ဝေါ်လ်တာမစ်ချဲ (Walter Mischel) ဟာ ကလေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ ပါတ်သက်တဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကတော့ ဒီစမ်းသပ်မှုကို ဘယ်သူမှ အရေးတယူ မရှိကြပါဘူး။ ဒါပေမယ့် နောက်နှစ် ၄၀ လောက်အကြာမှာတော့ ဒီစမ်းသပ်မှုရဲ့ ရလာဒ်တွေဟာ ကလေးစိတ်ပညာရှင်တွေ အကြားမှာ ရိုက်ခတ်လို့သွားပါတော့တယ်။ Marshmallow Experiment ဆိုတာဘာလဲ ဒီစမ်းသပ်မှုက တကယ့်ကို ရိုးရိုးလေးပါ။ အခန်းတစ်ခန်းထဲမှာ စားပွဲတစ်လုံးနဲ့ ကုလားထိုင် တစ်လုံးရှိတယ်။ စားပွဲပေါ်မှာ ပန်းကန်တစ်ချပ်နဲ့ marshmallow တစ်ခုထည့်ထားတယ်။ Marshmallow ဆိုတာ အနောက်တိုင်းက ကလေးတိုင်းကြိုက်တဲ့ အချိုမုန့် တစ်မျိုးပါ။ (အောက်ကပုံမှာ ကြည့်ပါ)။ စမ်းသပ်မှုမှာ ပါဝင်တဲ့ ကလေးကို သုတေသန …

ကလေးတွေ ဘဝအောင်မြင်ရေးအတွက် Marshmallow Experiment ကပေးတဲ့ မိဘတွေအတွက် သင်ခန်းစာ Read More »

သင့်ကလေးကို အလိုလိုက်တာ များလွန်းနေပြီလား

မိဘတိုင်းလိုလိုကတော့ ကလေးတွေကို အလိုလိုက်တတ်ကြပါတယ်။ ဆင်းရဲချမ်းသာမရွေး မိမိတို့ရဲ့ သားသမီး မျက်နှာမညှိုးရအောင် ထားလိုကြတာ မိဘတိုင်းရဲ့ လိုအင်ပါပဲ။ ဒါပေမယ့် အလိုလိုက် လွန်လွန်းပြန်ရင် ကလေးတွေက လိုတာရနေ၊ လိုတာဖြစ်နေတဲ့အတွက် စိတ်ဓါတ်ပျက်စီး သွားတတ်ပါတယ်။ လိုတာရနေတဲ့ အတွက် ကိုယ်လိုချင်တာရဖို့ စွမ်းအားစိုက်ထုတ်ဖို့ လိုအပ်တယ်ဆိုတာ ကလေးက မေ့လျော့နေ တတ်ပါတယ်။ ကိုယ့်ကလေးကို အလိုလိုက်တာ လွန်လွန်းနေသလားဆိုတာ ညွှန်ပြနေတဲ့ အချက် (၅) ချက်ကို ဆွေးနွေးထားပါတယ်။ (၁) ကလေးက သူလိုတာမှန်သမျှရရမယ်၊​ ဖြစ်ချင်တာ မှန်သမျှ ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓါတ် ရှိနေတယ် ကလေးက လိုတာရနေ၊ ဖြစ်ချင်တာအားလုံးကို မိဘက ပံ့ပိုးပေးနေတော့ သူ့စိတ်မှာ သူလိုတာမှန်သမျှ ရရမယ်၊ ဖြစ်ချင်တာ မှန်သမျှ ဖြစ်ရမယ် ဆိုတဲ့စိတ် ဝင်နေပါတယ်။ …

သင့်ကလေးကို အလိုလိုက်တာ များလွန်းနေပြီလား Read More »

ABC အင်္ဂလိပ် အက္ခရာတွေကို အသံထွက်မှန်မှန် ထွက်ဖို့ ဖိုးနစ် အသံထွက်တွေ

ဒီနေ့တော့ အိမ်မှာကလေးတွေကို ဖိုးနစ်နည်းနဲ့ စာသင်တဲ့အခါ အရေးအကြီးဆုံးဖြစ်တဲ့ အင်္ဂလိပ် အက္ခရာ (alphabet) တွေကို အသံထွက် မှန်မှန်ထွက်အောင် လေ့ကျင့်နိုင်ဖို့ ဗီဒီယိုဖိုင်လေးတစ်ခု တင်ဆက်ပေးထားပါတယ်။ ဖိုနစ်နည်းနဲ့ စာသင်ရာမှာ ABC စတာတွေကို အေ၊ ဘီ၊ စီ၊ ဒီ ဆိုပြီး မသင်ပါဘူး။ ဒီအစား သူတို့ရဲ့ အသံထွက်ကို သင်ပါတယ်။ ဥပမာ – အ၊ ဘ၊ ခ၊ ဒ ဆိုပြီး ABCD တွေရဲ့ အသံထွက်ကို သင်ပေးတာပါ။ အင်္ဂလိပ် အက္ခရာတွေရဲ့ ဖိုးနစ် အသံထွက်တွေကို မြန်မာလို ရေးပြလို့ ဘယ်လိုမှ အသံထွက်အမှန် မရနိုင်ပါ။ ဒါ့ကြောင့် ကလေးတွေကို စာသင်မယ့် မိဘတွေနဲ့ ကျောင်းဆရာဆရာမတွေ (ဒီစာမျက်နှာကို LIKE …

ABC အင်္ဂလိပ် အက္ခရာတွေကို အသံထွက်မှန်မှန် ထွက်ဖို့ ဖိုးနစ် အသံထွက်တွေ Read More »

သင့်ကလေးကို အင်္ဂလိပ်စာ တော်ဖို့ ဘယ်လိုအားပေးမလဲ

ယခုခေတ်မှာ ကမ္ဘာသုံးစကားဖြစ်တဲ့ အင်္ဂလိပ်စာကို ကလေးတွေငယ်ငယ်ကတဲက စပြီး သင်ပေးနေ ကြပါပြီ။ အင်္ဂလိပ်စာကို ငယ်ငယ်ကတဲက သင်ကြားပေးခြင်းဖြင့် ကလေးရဲ့ အင်္ဂလိပ်စာ အရည်အချင်းကိုလဲ အများကြီး တိုးတက်လာစေပါတယ်။ ကလေးတွေကို အင်္ဂလိပ်စာ သင်ကြားပေးရာမှာ ကျူရှင်မှာ အပ်ပြီး သင်ပေးရုံနဲ့ မလုံလောက်ပါဘူး။ ကလေးကို တကယ်အင်္ဂလိပ်စာ တတ်စေ တော်စေ ချင်တယ်ဆိုရင် အိမ်မှာလဲ ကလေးအင်္ဂလိပ်စာ လေ့လာနိုင်အောင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ အားပေးဖို့ လိုအပ်ပါတယ်။ ကိုယ့်ကလေးကို အိမ်မှာ အင်္ဂလိပ်စာလေ့လာသင်ယူနိုင်အောင် အားပေးကူညီဖို့၊ အခွင့်အလမ်းတွေ ဖန်တီးဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြံဉာဏ် ၉ ချက်ကို ဆွေးနွေးထားပါတယ်။ (၁) သင်ကိုယ်တိုင် အင်္ဂလိပ်စာ သင်ပါ သင့်ကလေးကို အင်္ဂလိပ်စာ တော်စေတတ်စေချင်တယ်ဆိုရင် သင်လဲ အင်္ဂလိပ်စာ အတိုင်းအတာ …

သင့်ကလေးကို အင်္ဂလိပ်စာ တော်ဖို့ ဘယ်လိုအားပေးမလဲ Read More »

ကိုယ့်ကလေးကို အိမ်မှာ ဘယ်လို အင်္ဂလိပ်စာ သင်ပေးမလဲ

မိဘတော်တော်များများဟာ အိမ်မှာ ကိုယ့်ကလေးကို အင်္ဂလိပ်စာ သင်ပေးချင် ကြပါတယ်။ ကလေးကို အင်္ဂလိပ်စာ ကျူရှင်ပို့တဲ့ မိဘတွေတောင်မှပဲ အိမ်မှာတတ်နိုင်သရွေ့ သင်ပေးချင် ကြပါတယ်။​ဒါပေမယ့် ဘယ်လိုသင်ရမလဲဆိုတာ မိဘတော်တော်များများက မသိကြပါဘူး။ အောက်မှာ မိမိကလေးကို အသက် အပိုင်းအခြားအလိုက် ဘယ်လို အင်္ဂလိပ်စာ သင်ပေးရမလဲဆိုတာ အကြံပြု ဆွေးနွေးထားပါတယ်။ ကလေးကို အင်္ဂလိပ်စာ စသင်ချင်တယ်၊ ဘယ်ကဘယ်လို စရမှန်း မသိဘူး ဖြစ်နေတယ် မိဘတော်တော်များများက အိမ်မှာကလေးကို အင်္ဂလိပ်စာ စသင်ပေးချင် ပေမယ့် ဘယ်ကစရမှန်း မသိ ဖြစ်နေတတ်ကြပါတယ်။ အချို့ကလဲ ကိုယ့်အင်္ဂလိပ်စာ အခြေခံက အကောင်း ကြီးမဟုတ်တော့ မစရဲတဲ့သူတွေလဲ ရှိပါတယ်။ ကလေးကို အင်္ဂလိပ်စာ စသင်ဖို့ဆိုတာ မိဘလုပ်သူက အင်္ဂလိပ်စာ အရမ်းကောင်းနေစရာ မလိုပါဘူး။ အဓိက …

ကိုယ့်ကလေးကို အိမ်မှာ ဘယ်လို အင်္ဂလိပ်စာ သင်ပေးမလဲ Read More »

သင့်ကလေးရဲ့ ရင်ထဲမှာ ဘာဖြစ်နေလဲ သင်သိရဲ့လား

ကလေးတွေ ငယ်ငယ်တုန်းကဆို သူတို့ရဲ့ ရင်ထဲက ခံစားချက်တွေကို အလွယ်တကူ သိနိုင်ပါတယ်။ ကလေးငယ် (၄ – ၅ နှစ်အောက်) အရွယ်တွေဟာ သူတို့ရဲ့ ခံစားချက်တွေကို ဖုံးကွယ်လို့ မထားတတ် ကြပါဘူး။ သူတို့ရဲ့ ဝမ်းနဲမှု၊ အလိုမကျမှု၊​ စိတ်အားငယ်မှု စတဲ့ ခံစားချက်တွေကို ကိုယ်အမူအရာ၊ မျက်နှာအမူအရာတွေနဲ့ ဖေါ်ပြရုံသာမက ပါးစပ်ကလဲ ထုတ်ဖေါ်ဖွင့်ဟ ပြောပြတတ်ကြပါတယ်။ ဒါပေမယ့် ကလေးအသက် ကြီးလာတာနဲ့ အမျှ တဖြည်းဖြည်း မိဘကို ရင်ဖွင့်ပြောပြတာတွေ နည်းလာတတ်ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ခံစားမှုတွေကိုလဲ မိဘတွေရှေ့မှာ သိုဝှက်ဖုံးကွယ်လာ တတ်ကြပါတယ်။ တစ်ခါတစ်လေများ ကလေးက ငေးမှိုင်နေလို့ ဘာဖြစ်နေတာလဲ မေးရင် မဖြေပဲ ငြင်းတာကို ခံရတဲ့ မိဘလုပ်သူရဲ့ ခံစားချက်ကို ကြုံဖူးမှ …

သင့်ကလေးရဲ့ ရင်ထဲမှာ ဘာဖြစ်နေလဲ သင်သိရဲ့လား Read More »

လူမှုဆက်ဆံရေးမှာ အရိပ်သုံးပါးနားလည်အောင် ကလေးတိုင်းကို ဒါတွေသင်ပေးပါ (၄ – ၁၂ နှစ်ကြား)

ကလေးတွေ ပေါင်းသင်းဆက်ဆံရေးမှာ အောင်မြင်ဖို့ဆိုရင် သူတို့တွေဟာ လူတဖက်သားရဲ့ အရိပ်သုံးပါးကို နားလည်တဲ့ ကလေးတွေ ဖြစ်ဖို့လိုပါတယ်။ တဖက်သားက ကိုယ်ပြောတဲ့ စကားကို စိတ်ဝင်စားမှု ရှိတယ် မရှိဘူး၊ တဖက်လူရဲ့ စိတ်အခြေအနေ ဘယ်လိုရှိတယ်၊ ကိုယ်ပြောတာကို သူလက်ခံတယ် အစရှိတာတွေကို သိဖို့ဆိုတာ တဖက်သူရဲ့ မျက်နှာနဲ့ ကိုယ်အမူအရာ စကားပြောတဲ့ လေယူလေသိမ်း အစရှိတာတွေကနေ အတွေ့အကြုံအရ မှန်းဆယူရတာ တွေပါ။ ကလေးတွေကို လူကြီးမိဘတွေက ဒီအတွေ့အကြုံတွေကို သင်ကြားပို့ချ ပေးမယ်ဆိုရင် သူတို့တွေဟာ အရွယ်နဲ့ မလိုက်အောင် လူမှုဆက်ဆံရေး ကျွမ်းကျင်တဲ့ ကလေးတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ လူမှုဆက်ဆံရေး အမူအရာတွေကို ခွဲခြားသိတတ်အောင် ကလေးကို သင်ပေးပါ လူအချင်းချင်း ဆက်ဆံရေးမှာ မျက်နှာနဲ့ ကိုယ်အမူအရာတွေကို ခွဲခြားသိခြင်းဟာ ဆက်ဆံရေး …

လူမှုဆက်ဆံရေးမှာ အရိပ်သုံးပါးနားလည်အောင် ကလေးတိုင်းကို ဒါတွေသင်ပေးပါ (၄ – ၁၂ နှစ်ကြား) Read More »

အောင်မြင်တဲ့ မိဘတွေဖြစ်ကြောင်း ညွှန်ပြတဲ့ အချက် ၆ ချက်

အောင်မြင်တဲ့ မိဘတွေဖြစ်ဖို့ အချက်တွေကို သင်သိပါသလား။ သိတာမခက်ပါဘူး။ အင်တာနက်ထဲမှာ မိမိကလေးကို အောင်အေင်မြင်မြင် ဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင် ပေးရမလဲဆိုတာ ရေးထားတဲ့ ဆောင်းပါးတွေ အများကြီးပါ။ ဒါပေမယ့် ဒီအတိုင်း တကယ်လိုက်လုပ်ရတာကော လွယ်ကူပါရဲ့လား။ ဒီအကြံဉာဏ်တွေအတိုင်း လိုက်လုပ်ပါပြီတဲ့၊ တကယ်ရော သားသမီးတွေကို ပြုစုပျိုးထောင်ရာမှာ အောင်မြင်တဲ့ မိဘတွေ ဖြစ်သွားရောလား။ ကိုယ့်ကိုယ်ကို အောင်မြင်တဲ့ မိဘဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ။ အောက်ပါ အချက် (၆) ချက်ဟာ အောင်မြင်တဲ့ မိဘတွေ ဖြစ်ကြောင်း ညွှန်ပြတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ (၁) သင့်ကလေးက သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ သူ့ရဲ့ အနာဂါတ် အိမ်မက်တွေကို သင်နဲ့အတူ မျှဝေ ရင်ဖွင့်မယ် ကလေးတိုင်းဟာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ သူတို့ရဲ့ အနာဂါတ် …

အောင်မြင်တဲ့ မိဘတွေဖြစ်ကြောင်း ညွှန်ပြတဲ့ အချက် ၆ ချက် Read More »

ကလေးကိုပေးတဲ့ ကတိကိုမဖျက်ပါနဲ့

ကျွန်တော်တို့ မိဘလုပ်တဲ့သူ တော်တော်များများမှာ မကောင်းတဲ့ အကျင့််တစ်ခု ရှိပါတယ်။ အဲ့တာကတော့ ကိုယ့်ကလေး အရမ်းပြောရခက်လာရင် စကားနည်း ရန်ဆဲ နောင်ခါလာ၊ နောင်ခါဈေး၊ နောက်မှကြည့်ရှင်းမယ် ဆိုပြီး ကလေးကို အလွယ်တကူ ကတိပေးလိုက်တာပါ။ ပေးလိုက်တဲ့ ကတိကလဲ ဘာမှာ ကြီးကြီးမားမား မဟုတ်ပါဘူး။ အိပ်ရာကနိုးရင် ဈေးခေါ်သွားမယ် ဆိုတာမျိုး၊ နောက်တစ်ခေါက် ဈေးသွားမှပဲ အရုပ်ဝယ်ပေးမယ် ဆိုတာမျိုး၊ အသေးအမွှား လေးတွေပါ။ ကလေးက မေ့သွားမှာပဲ ဆိုပြီး လွယ်လွယ်ပဲ ကတိပေးလိုက်ပါတယ်။ တကယ်တမ်း ကလေးက မမေ့တဲ့ အခါကျတော့ (ကလေးတွေဟာ လူကြီးတွေထက် အမှတ်သညာ ကောင်းကြပါတယ်)၊ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ ကတိကို ဖျက်ဖို့ကြိုးစား ကြပါတယ်။ လူကြီးလုပ်တဲ့ သူရဲ့ စိတ်ထဲမှာတော့ ဒါအသေးအမွှားပါလို့ ထင်ပေမယ့် …

ကလေးကိုပေးတဲ့ ကတိကိုမဖျက်ပါနဲ့ Read More »