March 2018

ကလေးတွေဖတ်ဖို့ စာအုပ်တွေကို ဘယ်လို ရွေးပေးမလဲ

ကိုယ့်ကလေးကို စာတတ်စေချင်၊ စာဖတ်စေချင်ကြတာ မိဘတိုင်းပါပဲ။ ဒီလိုကလေးက စာဖတ်များဖို့၊ စာဖတ်တာ ဝါသနာပါဖို့ဆိုရင် ကလေးဖတ်ဖို့ ကလေးရဲ့ အသက်အရွယ်နဲ့ လိုက်လျောညီထွေတဲ့ စာအုပ်တွေကို မိဘတွေက ရွေးချယ်ပေးဖို့ အရေးကြီးပါတယ်။ အောက်မှာ ကလေးရဲ့ အသက်အရွယ်အလိုက် ဘယ်လို စာအုပ်မျိုးတွေကို ရွေးချယ်ပေးသင့်သလဲဆိုတာ ဖော်ပြပေး ထားပါတယ်။ အသက် ၃ နှစ်အောက် ကလေးတွေ ဒီအရွယ် ကလေးတွေဟာ အရောင်တောက်တောက် အရုပ်တွေကို နှစ်ချိုက်ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ ရှုပ်ထွေးတဲ့ အရုပ်တွေ၊ ပုံတွေကို စိတ်ဝင်စားခြင်း မရှိပဲ ရှင်းလင်းလွယ်ကူတဲ့ ပုံတွေ၊ ဝတ္ထုပစ္စည်းတွေကို နှစ်ချိုက်ကြပါတယ်။ စာအုပ်တွေကိုလဲ ရိုသေစွာ ကိုင်တွယ်နိုင်မှု မရှိသေးသလို စာမျက်နှာတွေကိုလဲ ကောင်းစွာ မလှန်နိုင် ကြသေးပါဘူး။ သူတို့တွေဟာ နားထောင်ရတာကို နှစ်သက်ကြပြီး …

ကလေးတွေဖတ်ဖို့ စာအုပ်တွေကို ဘယ်လို ရွေးပေးမလဲ Read More »

ချစ်ခြင်းမေတ္တာ၏ ဘာသာစကား

ချစ်ခြင်းမေတ္တာ ၏ ဘာသာစကား (၅) မျိုး

ချစ်ခြင်းမေတ္တာ မှာ ဘာသာစကား ရှိပါတယ်။ သင့်ကလေးကို သင်ချစ်သလား။ ချစ်တာပေါ့ မချစ်ပဲ နေပါ့မလား၊ ကိုယ့်ကလေးပဲဟာကို။ နေ့တိုင်းလဲ သားသားကို၊ မီးမီးကို မေမေဖေဖေက ဘယ်လောက် ချစ်ကြောင်း ပြောရတာ မရိုးနိုင်အောင်ပဲ။ ဒါဆို သင်ချစ်ကြောင်း သင့်ကလေး တကယ် သိနားလည်ရဲ့လား။ သင့်အချစ်ကို သင့်ကလေး တကယ်ပဲ ခံစားသိရှိသလား။ ကလေးငယ်တွေအတွက် ချစ်ခြင်းမေတ္တာဟာ အရေးကြီးပါတယ်။ ငယ်စဉ်မှာ မိဘရဲ့ ချစ်ခြင်းမေတ္တာကို ခံစားရတဲ့ ကလေးတွေဟာ ဘဝမှာ အောင်မြင်မှုတွေရဖို့ အခွင့်အလမ်း ပိုများသလို ဘဝတစ်လျှောက်မှာ ပျော်ရွှင်စွာ နေထိုင်နိုင်တတ်ကြပါတယ်။ ငယ်စဉ်က ချစ်ခြင်းမေတ္တာကို ကောင်းစွာ မခံစားရတဲ့ ကလေးတွေဟာ အသက်ကြီးလာတဲ့ အခါ လူအများနဲ့ အဆင်ပြေအောင် ပေါင်းသင်းနိုင်မှုစွမ်းအား နည်းကြပြီး ဘဝမှာ ပျော်ရွှင်မှုကိုလဲ …

ချစ်ခြင်းမေတ္တာ ၏ ဘာသာစကား (၅) မျိုး Read More »

အသက် ၃ နှစ်နဲ့ ၅ နှစ်ကြား ကလေး စာစဖတ်ဖို့ အသင့်ပြင်ပေးပါ

ကလေးအသက် ၃ နှစ်မှာ စပြီး အင်္ဂလိပ် စာအုပ်လေးတွေနဲ့ စမိတ်ဆက်ပေးလို့ ရပါပြီ။ ဒီအဆင့်ဟာ ကလေးတွေကို အင်္ဂလိပ်စာနဲ့ ယဉ်ပါးဖို့ စတင်လေ့ကျင့်ပေးဖို့ အသင့်တော်ဆုံးအချိန်လဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ကလေးတွေဟာ အင်္ဂလိပ်စာလုံးတွေကို မှတ်မိသိရှိရုံမက လွယ်ကူတဲ့ စာလုံးလေးတွေကိုလဲ စတင်မှတ်မိအောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ ဒီလိုလေ့ကျင့်သင်ကြားပေးဖို့ ဘာတွေလိုအပ်မလဲ၊ ဘယ်လိုသင်ကြားလေ့ကျင့်ပေးမလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ စာဖတ်တာကို ပျော်ရွှင်ဖို့လိုတယ် ကလေးဟာ စာဖတ်ရတာ ပျော်ရွှင်ဖို့ အရေးကြီးပါတယ်။ ဒီလိုပျော်ရွှင်မှလဲ ကလေးက စာဖတ်ရတာကို စိတ်ဝင်စားမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုတာ မိဘက စာဖတ်တာကို အလုပ်ကြီးတစ်ခု၊ တာဝန်တစ်ခုလို မသတ်မှတ်ပဲ ပျော်ရွှင်ဖွယ် ကစားနည်းတစ်ခုအဖြစ် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို ဘယ်နှမိနစ်၊ ဘယ်နှစ်မျက်နှာ ပြီးအောင် ဖတ်ရမယ် …

အသက် ၃ နှစ်နဲ့ ၅ နှစ်ကြား ကလေး စာစဖတ်ဖို့ အသင့်ပြင်ပေးပါ Read More »

Oxford Reading Tree

ကိုယ့်ကလေးကို အိမ်မှာ အင်္ဂလိပ်စာသင်ပေးမယ်ဆိုရင် မိဘတွေအနေနဲ့ ကလေးဖတ်ဖို့ သင့်တော်တဲ့ အင်္ဂလိပ်စာအုပ်တွေ ဝယ်ပေးဖို့ လိုပါတယ်။ ကလေးတွေ အင်္ဂလိပ်စာ ဖတ်တဲ့ နေရာမှာ တွေရာစာအုပ်တွေ လျှောက်ပေးဖတ်နေမယ့်အစား ကလေးရဲ့ အသက်၊ ကလေးရဲ့ အင်္ဂလိပ်စာ အဆင့်နဲ့ လိုက်လျောညီထွေတဲ့ စာအုပ်တွေကို တဆင့်ချင်း ပေးဖတ်သွားတာဟာ ကလေးရဲ့ အင်္ဂလိပ်စာ အဆင့်တိုးတက်မှုကို အများကြီး အထောက်အကူပြုပါတယ်။ ဒီလို အဆင့်အလိုက် အင်္ဂလိပ်စာ စာအုပ်တွေ အဆင့်သတ်မှတ်ရာမှာ Oxford Reading Tree ဟာ နံမည်ကျော်ပါတယ်။ အင်္ဂလန်က အစိုးရ မူလတန်းကျောင်း ၈၀% လောက်ဟာ ကလေးတွေကို အင်္ဂလိပ်စာ သင်ရာမှာ ဒီ Oxford Readig Tree Grading System ကို အသုံးပြုကြပါတယ်။ …

Oxford Reading Tree Read More »

မိမိကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်မယ့် ရှင်းလင်းလွယ်ကူတဲ့ နည်းလမ်း ၈ ချက်

မိမိကိုယ်ကိုယ် တန်ဖိုးထားမှုဟာ ဘဝမှာ အောင်မြင်မှုရဖို့ အရေးပါကြောင်း ကျွန်တော်တို့ တင်ပြခဲ့ ပါတယ်။ ဒီအပါတ်မှာတော့ မိဘတွေအနေနဲ့ ကလေးတွေရဲ့ မိမိကိုယ်ကို တန်ဖိုးထားမှုကို မြင့်တက်အောင် ပြုစုပျိုးထောင်ဖို့ လွယ်လွယ်ကူကူ လိုက်နာလုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို တင်ပြပေးပါ့မယ်။ ၁။ ကလေးတွေကို ရွေးချယ်ခွင့် ပေးပါ ကလေးတွေကို သူတို့လုပ်ဆောင်မယ့် အပြုအမူတွေအတွက် ရွေးချယ်ခွင့်ပေးတာဟာ ကလေးရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုနဲ့ တန်ဖိုးထားမှုကို မြင့်တက်လာစေပါတယ်။ ရွေးချယ်ခွင့်ဆိုရာမှာ သူကြိုက်တာ သူလုပ်ခွင့်ပေးတာ မဟုတ်ပဲ မိဘက ကြိုတင်ပြီး ရွေးချယ်ပေးထားတဲ့ ရွေးချယ်ခွင့်တွေထဲက ရွေးချယ်ခွင့် ပေးဖို့ လိုပါတယ်။ ဥပမာ၊ မနက်စာအတွက် ဆံပြုတ်နဲ့ ပေါင်မုန့်ထောပတ်သုတ် နှစ်ခုထဲက ကြိုက်ရာ ရွေးချယ်ခွင့် ပေးတာမျိုး၊ ထမင်းအရင်စားမလား၊ ရေအရင် ချိုးမလား ရွေးချယ်ခွင့် …

မိမိကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်မယ့် ရှင်းလင်းလွယ်ကူတဲ့ နည်းလမ်း ၈ ချက် Read More »

သင့်ကလေး ဘဝမှာ အောင်မြင်စေချင်သလား၊ ကလေးကို များများ ကစားခိုင်းပါ

အချို့မိဘတွေက ကလေးတွေကို အောင်မြင်စေချင်တော့ ကျောင်းစာကို ဖိပြီး လုပ်ခိုင်းတတ်ပါတယ်။ ကလေးကို ကစားခွင့်မပေးပဲ၊ ဒါမှမမဟုတ် အချိန်နဲနဲပဲ ကစားခွင့်ပေးပြီး ကျောင်းစာကိုပဲ အချိန်ပြည့်နီးပါး လုပ်ခိုင်းတတ်ကြပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး သုတေသနပြု တွေ့ရှိချက်တွေအရ ဒါဟာမှားယွင်းတဲ့ အမူအကျင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ ပါတ်သက်တဲ့ သုတေသနပြုချက် အများအပြားက ကလေးတွေ ငယ်စဉ်မှာ ကစားခုန်စားပြုတာဟာ အသက်ကြီးလာချိန်မှာ ကလေးရဲ့ လူမှုရေး ပေါင်းသင်းဆက်ဆံမှုစွမ်းရည်၊ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်မှု စွမ်းရည်နဲ့ ကျောင်းပညာရေးအောင်မြင်မှု စွမ်းရည်တွေကို အများကြီး အထောက်အကူ ပြုတယ်ဆိုတာ တွေ့ရှိလာလို့ပါပဲ။ Spiderman လို၊ Batman လို ဝတ်စားပြီး ကစားတာမျိုး၊ Lego လို အိမ်ဆောက်တဲ့ ဘလောက်တုံးတွေနဲ့ ကစားတာမျိုးတွေဟာ ကလေးတွေရဲ့ ဖန်တီးနိုင်မှုစွမ်းရည် …

သင့်ကလေး ဘဝမှာ အောင်မြင်စေချင်သလား၊ ကလေးကို များများ ကစားခိုင်းပါ Read More »