Parenting

Executive Function

ကလေးတွေ ဘဝအောင်မြင်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ Executive Function

အခုတလော ကလေးဉာဏ ဖွံ့ဖြိုးမှု ပညာရှင်တွေ အကြားမှ Hot ဖြစ်နေတဲ့ စကားလုံး တစ်လုံးကတော့ Executive Function ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ ကလေးတစ်ယောက် ကျောင်းမှာ ဘယ်လောက် အောင်မြင်မှုရမယ် ဆိုတာကို ဒီ executive function က အဆုံးအဖြတ် ပေးသလို ဒီကလေး ဘဝမှာ ဘယ်လောက် အောင်မြင်မှု ရနိုင်မယ် ဆိုတာကိုလဲ ဒီ executive function ကပဲ အဆုံးအဖြတ် ပေးပါတယ်တဲ့။ ဒါဆို ဒီ executive function ဆိုတာဘာလဲ။ ဘယ့်အတွက်ကြောင့် ကလေးဘဝ အောင်မြင်မှုအတွက် အရေးပါ ရတာလဲ။ executigve function ကောင်းမကောင်း ဘယ်လို သိနိုင်မလဲ။ executive function ကောင်းလာအောင် …

ကလေးတွေ ဘဝအောင်မြင်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ Executive Function Read More »

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သမီးမိန်းကလေးတွေ ဖြစ်လာစေဖို့

မိန်းကလေးတွေဟာ ယောကျ်ားလေးတွေနဲ့ယှဉ်ရင် ငယ်စဉ်မှာ ပိုပြီး အစကောင်းကြပါတယ်။ သူတို့ဟာ စကားစပြောတာ စောသလို၊ ပေါင်းသင်းဆက်ဆံရေးမှာလဲ ပိုကောင်းကြပါတယ်။ အတန်းထဲမှာ ဆိုရင်လဲ ထိပ်ဆုံးက နေလေ့ရှိကြပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက် အရွယ်လောက်က စလို့ သူတို့ဟာ သူတို့ပတ်ဝန်းကျင်က ပေးလာတဲ့ ဖိအားတွေကြောင့် စိတ်ရှုပ်ထွေးလာ နိုင်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် – “မိန်းကလေး တစ်ယောက်မှာ ရုပ်လှဖို့က စာတော်ဖို့ထက် ပိုအရေးကြီးတယ်” ဆိုတာမျိုးတွေ၊ “မိန်းကလေးက လင်ကောင်းသားကောင်းရဖို့ အရေးကြီးတယ်” တို့၊ နောက်ပြီး ပတ်ဝန်းကျင်က သူငယ်ချင်းတွေရဲ့ ပြောဆိုမှုတွေ၊ စာတော်တဲ့ မိန်းကလေးတွေမို့ ယောကျ်ားလေးတွေရဲ့ သတိထား ခံရမှုတွေ၊ အစရှိ တာတွေအားလုံးဟာ သမီးမိန်းကလေးတွေကို စိတ်ရှုပ်ထွေးလာစေနိုင်ပြီး ပညာရေးပိုင်းမှာ ထိခိုက်လာတာ၊ မိမိကိုယ်ကကို ယုံကြည်ချက် …

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သမီးမိန်းကလေးတွေ ဖြစ်လာစေဖို့ Read More »

Toddler အရွယ် ကလေးတွေကို ဘယ်လို စည်းကမ်းထိန်းမလဲ

တိုးတိုးလေးဟာ အသက် ၂ နှစ်အရွယ် ယောက်ျားလေးပါ။ သူကဓါးခုတ်တမ်း ကစားရတာ ဝါသနာ ပါပါတယ်။ ကစားတဲ့ အခါမှာလဲ တော်တော်လေး ကြမ်းကြမ်းတမ်းတမ်း ကစားတတ်ပါတယ်။ သူ့အမနဲ့ ကစားတဲ့အခါ သူ့အမကို ရိုက်မိလို့ ထိခိုက်ဓါဏ်ရာရပေါင်းလဲ မနဲတော့ပါဘူး။ သူ့အမေက သူ့ကို ကြမ်းကြမ်းတမ်းတမ်း မကစားဖို့၊ ကစားတဲ့ အခါမှာ ယဉ်ယဉ်ကျေးကျေး ကစားဖို့ ဆုံမလဲ နားမဝင်ပါဘူး။ ရိုက်ဆုံးမလဲ မထူးပါဘူး။ သူ့အမေက ဘယ်လိုဆုံးမရမှန်း မသိလို့ စိတ်ညစ်နေပါတယ်။  မိခင်တော်တော်များများ အတွက်ကတော့ ဒီအရွယ် ကလေးတွေကို စည်းကမ်းထိန်းသိမ်း ဆိုဆုံးမရတာဟာ မလွယ်ပါဘူး။ ကလေးက ကိုယ်ဆုံးမတာ နားထောင်ရင်တောင် ခနနေ နောက်တမျိုး ထလုပ်လို့ နောက်တမျိုး ဆုံးမရ တာမို့ ဆိုဆုံးမရတာ မဆုံးတော့ပါဘူး။   ဒီနေရာမှာ ကလေးကို ဆုံးမတယ် ဆိုတာကို အချို့က ရိုက်နှက်ဆုံးမ …

Toddler အရွယ် ကလေးတွေကို ဘယ်လို စည်းကမ်းထိန်းမလဲ Read More »

သင့်ကလေးကို မပြောသင့်တဲ့ စကားငါးခွန်း

ကလေးတွေရဲ့ ဦးဏှောက်ဟာ အလွန်ကို နုနယ်ပါတယ်။​ ဒီလိုပဲ ကလေးတွေရဲ့ စိတ်ဟာလဲ အလွန်နုနယ်တဲ့ အတွက် လူကြီးတွေက သူတို့ကို ပြောတဲ့ စကားတွေကို လက်လွတ်စပယ် မပြောပဲ ဆင်ခြင်သင့်ပါတယ်။ လူကြီးမိဘရဲ့ စကားအမှား တစ်ခုကြောင့် ကလေးရဲ့ စိတ်ခံစားမှုကို ထိခိုက်သွားနိုင်ပါတယ်။ အောက်မှာ ကလေးစိတ်ပညာရှင်တွေက ကလေးတွေကို မိဘလုပ်သူတွေအနေနဲ့ မပြောသင့်ဘူးလို့ ထောက်ပြထားတဲ့ စကားငါးခွန်းအကြောင်းကို ဆွေးနွေထားပါတယ်။ တိတ်စမ်းမငိုနဲ့ တစ်ခါတစ်ရံမှာ ကလေးတွေဟာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိပဲ ငိုနေတတ်ကြပါတယ်။ တစ်ခါတစ်လေ အကြာကြီး ငိုတဲ့ အခါကြတော့ မိဘလုပ်သူက စိတ်တိုပြီး “တိတ်စမ်း၊ မငိုနဲ့၊ အခုတိတ်” ဆိုပြီး ဆူမိငေါက်မိ တတ်ပါတယ်။ ဒါမျိုး ကလေးရှိတဲ့ မဘတိုင်း ကြုံဘူးမှာပါ။ ဒီလိုဆူငေါက်လိုက်လို့ ကလေးက …

သင့်ကလေးကို မပြောသင့်တဲ့ စကားငါးခွန်း Read More »

ကိုယ့်သားသမီးကို ဘယ်တော့မှ တခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

“အန်တီနု သားလေးက တော်လိုက်တာ” “သူများသားသမီးတွေ တော်လိုက်ကြတာ၊ ငါ့သမီးကျတော့ …” “သမီးသူငယ်ချင်း မွန်မွန်က ဆုရပြီး ဘာလို့ သမီးက မရရတာလဲ” “ဘာလို့ ငါ့သားက အောင်အောင့်လို မတော်ရတာလဲ” သင်ဟာ ကလေးမိဘ တစ်ယောက်ဆိုရင် ဒီလိုမျိုး ကိုယ့်ကလေးကို သူများကလေးတွေနဲ့ နှိုင်းယှဉ်ပြီး ပြောတာမျိုး ပြုလုပ်ဖူးပါသလား။ ကလေးမိဘတိုင်းလိုလို အနည်းနဲ့ အများတော့ ဒီလိုမျိုး ကိုယ့်သားသမီးကို သူများ သားသမီးတွေနဲ့ နှိုင်းယှဉ်တာမျိုး လုပ်ဖူးကြမှာပါ။ အနည်းဆုံးတော့ စိတ်ထဲက နှိုင်းယှဉ်မိတာမျိုးတော့ ဖြစ်ဖူးမှာပါ။ ဒါပေမယ့် ဒီလို ကိုယ့်သားသမီးကို သူများ သားသမီးတွေနဲ့ နှိုင်းယှဉ်ပြီး ပြောတာဟာ အဓိက ကတော့ ကိုယ့်သားသမီးကို သူများသားသမီးတွေလို တော်စေချင်၊ တတ်စေချင်တဲ့ စေတနာနဲ့ ပြောတာမျိုး ဖြစ်တတ်ပါတယ်။​ …

ကိုယ့်သားသမီးကို ဘယ်တော့မှ တခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့ Read More »

ကလေးကို မရိုက်ပဲ ဘယ်လိုဆုံးမမလဲ

ပြီးခဲ့တဲ့ ဆောင်းပါးမှာ ကလေးတွေကို ဆုံးမတဲ့ နေရာမှာ ဘာ့ကြောင့် မရိုက်သင့်တာလဲ ဆိုတာကို ရေးသားခဲ့ပါတယ်။ အခုဆောင်းပါးမှာတော့ ကလေးတွေကို မရိုက်ပဲနဲ့ ဘယ်လိုစည်းကမ်း ထိန်းသိမ်းမလဲ ဆိုတာကို တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ မိဘတိုင်းဟာ ကိုယ့်သားသမီးကို တိုးတက်အောင်မြင် ဖြစ်ထွန်းစေချင်ကြတာ ဓမ္မတာပဲ ဖြစ်ပါတယ်။ ဒီလိုအောင်မြင်တဲ့ သားသမီးတွေ ဖြစ်ဖို့ လိုအပ်သလို သင်ကြားပေးတာ၊ လိုအပ်သလို စည်းကမ်းထိန်းသိမ်းတာတွေ ပြုလုပ်ကြရပါတယ်။ ဒီလိုစည်းကမ်းထိန်းတဲ့ နေရာမှာ၊ သင်ကြားပေးတဲ့ အခါမှာ တစ်ခါတစ်ရံ ပြောရဆိုရ ခက်တဲ့အခါမျိုးမှာ ကလေးကို ရိုက်နှက်ဆုံးမ ချင်စိတ်တွေ ပေါက်လာတတ်ပါတယ်။ ဒါပေမယ့် ကလေးကို ရိုက်နှက်ဆုံးမရင် ကောင်းကျိုးထက် ဆိုးကျိုးကသာ ပိုများတတ်တာမို့ မရိုက်သင့်ပါဘူး။ ဒါဆိုဘယ်လို ကလေးကို စည်းကမ်းထိန်းမလဲ။ ဘယ်လို ကိုယ်ညွှန်ကြားချက်အတိုင်း လိုက်ပါဆောင်ရွက်အောင် …

ကလေးကို မရိုက်ပဲ ဘယ်လိုဆုံးမမလဲ Read More »

ဘာ့ကြောင့် ကလေးကို မရိုက်သင့်တာလဲ

မိဘတော်တော်များများဟာ ကလေးတွေ ပြောမရ ဆိုမရ ဖြစ်လာရင် စိတ်တိုပြီး ကလေးကို ရိုက်ချင်စိတ်တွေ ပေါ်လာတတ်ပါတယ်။ တချို့မိဘတွေကလဲ စိတ်မထိန်းနိုင်ပဲ ကလေးကို ရိုက်မိတတ်ကြပါတယ်။ အချို့ရှေးဆန်တဲ့ မိဘတွေကတော့ ကလေးကို ရိုက်နှက်ဆုံးမဖို့ လိုအပ်တယ်ဆိုတဲ့ အယူအဆ ရှိကြပါတယ်။ ဒီခေတ်မှာတော့ မိဘ တော်တော်များများဟာ ကလေးကို ရိုက်နှက်ဆုံးမတာမျိုး မလုပ်သင့်တော့ဘူးဆိုတာ သဘောပေါက် နားလည်လာကြပေမယ့် စိတ်ဒေါသအလျှောက် တခါတလေ ရိုက်နှက်မိ တတ်ကြပါတယ်။ ဒါ့ကြောင့် ဘာကြောင့် ကလေးကို ရိုက်နှက်ဆုံးမတာမျိုး မပြုလုပ်သင့်ဘူးလဲဆိုတဲ့ အကြောင်း (၉) ချက်ကို အောက်မှာ တင်ပြဆွေးနွေးထားပါတယ်။ (၁) ရိုက်နှက်ဆုံးမတာဟာ ကလေးကို “အားကြီးသူက မှန်တယ်” ဆိုတဲ့ မှားယွင်းတဲ့ အယူအဆကို သင်ပေးပါတယ် သင့်ကလေး မှားယွင်းမှု တစ်ခုခု လုပ်မိလို့ …

ဘာ့ကြောင့် ကလေးကို မရိုက်သင့်တာလဲ Read More »

ကိုယ့်စကားနားထောင်အောင် ကလေးကိုဘယ်လို လေ့ကျင့်သင်ကြား ပေးမလဲ

အခုခေတ်လို တီဗီတွေ၊​ ဗီဒီယိုဂိမ်းတွေ၊ လက်ကိုင်ဖုန်းဂိမ်းတွေ မှိုလိုပေါက်နေတဲ့ ဒစ်ဂျစ်တယ် ခေတ်ကြီးမှာ ကလေးတွေရဲ့ မိဘတွေအပေါ် အာရုံစိုက်မှုဟာလဲ ကျဆင်းလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကလေးရှိတဲ့ မိဘတိုင်းလိုလို ကိုယ့်ကလေးက ကိုယ်ပြောတာကို မကြားတာ၊ ကြားပေမယ့် တစ်ခါထဲနဲ့ ပြန်မဖြေတာ၊ ကိုယ်ပြောတာကို တုန့်ပြန်မှုရဖို့ ၃-၄ ခါ ထပ်ခါထပ်ခါ ပြောရတာတွေ မကြာခန ကြုံကြရ မှာပါ။ ကလေးတွေရဲ့ ဗီဇကိုကလဲ သူတို့ကြားချင်တာကို ကြားပြီး သူတို့မကြားလိုတာကို မကြားပဲ နေတတ်တဲ့ အမူအကျင့် ရှိကြပါတယ်။ ဒီလိုကြုံလာတာ များလာရင် မိဘလုပ်သူကလဲ စိတ်တိုပြီး ကလေးကို အော်ငေါက်မိတာ၊ ရိုက်နှက်မိတာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ မိဘက စကားပြောတဲ့အခါ ကလေးလုပ်သူက ချက်ခြင်း အာရုံစိုက် နားထောင်အောင် ကလေးကို …

ကိုယ့်စကားနားထောင်အောင် ကလေးကိုဘယ်လို လေ့ကျင့်သင်ကြား ပေးမလဲ Read More »

သင့်ကလေးကို အလိုလိုက်တာ များလွန်းနေပြီလား

မိဘတိုင်းလိုလိုကတော့ ကလေးတွေကို အလိုလိုက်တတ်ကြပါတယ်။ ဆင်းရဲချမ်းသာမရွေး မိမိတို့ရဲ့ သားသမီး မျက်နှာမညှိုးရအောင် ထားလိုကြတာ မိဘတိုင်းရဲ့ လိုအင်ပါပဲ။ ဒါပေမယ့် အလိုလိုက် လွန်လွန်းပြန်ရင် ကလေးတွေက လိုတာရနေ၊ လိုတာဖြစ်နေတဲ့အတွက် စိတ်ဓါတ်ပျက်စီး သွားတတ်ပါတယ်။ လိုတာရနေတဲ့ အတွက် ကိုယ်လိုချင်တာရဖို့ စွမ်းအားစိုက်ထုတ်ဖို့ လိုအပ်တယ်ဆိုတာ ကလေးက မေ့လျော့နေ တတ်ပါတယ်။ ကိုယ့်ကလေးကို အလိုလိုက်တာ လွန်လွန်းနေသလားဆိုတာ ညွှန်ပြနေတဲ့ အချက် (၅) ချက်ကို ဆွေးနွေးထားပါတယ်။ (၁) ကလေးက သူလိုတာမှန်သမျှရရမယ်၊​ ဖြစ်ချင်တာ မှန်သမျှ ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓါတ် ရှိနေတယ် ကလေးက လိုတာရနေ၊ ဖြစ်ချင်တာအားလုံးကို မိဘက ပံ့ပိုးပေးနေတော့ သူ့စိတ်မှာ သူလိုတာမှန်သမျှ ရရမယ်၊ ဖြစ်ချင်တာ မှန်သမျှ ဖြစ်ရမယ် ဆိုတဲ့စိတ် ဝင်နေပါတယ်။ …

သင့်ကလေးကို အလိုလိုက်တာ များလွန်းနေပြီလား Read More »

သင့်ကလေးရဲ့ ရင်ထဲမှာ ဘာဖြစ်နေလဲ သင်သိရဲ့လား

ကလေးတွေ ငယ်ငယ်တုန်းကဆို သူတို့ရဲ့ ရင်ထဲက ခံစားချက်တွေကို အလွယ်တကူ သိနိုင်ပါတယ်။ ကလေးငယ် (၄ – ၅ နှစ်အောက်) အရွယ်တွေဟာ သူတို့ရဲ့ ခံစားချက်တွေကို ဖုံးကွယ်လို့ မထားတတ် ကြပါဘူး။ သူတို့ရဲ့ ဝမ်းနဲမှု၊ အလိုမကျမှု၊​ စိတ်အားငယ်မှု စတဲ့ ခံစားချက်တွေကို ကိုယ်အမူအရာ၊ မျက်နှာအမူအရာတွေနဲ့ ဖေါ်ပြရုံသာမက ပါးစပ်ကလဲ ထုတ်ဖေါ်ဖွင့်ဟ ပြောပြတတ်ကြပါတယ်။ ဒါပေမယ့် ကလေးအသက် ကြီးလာတာနဲ့ အမျှ တဖြည်းဖြည်း မိဘကို ရင်ဖွင့်ပြောပြတာတွေ နည်းလာတတ်ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ခံစားမှုတွေကိုလဲ မိဘတွေရှေ့မှာ သိုဝှက်ဖုံးကွယ်လာ တတ်ကြပါတယ်။ တစ်ခါတစ်လေများ ကလေးက ငေးမှိုင်နေလို့ ဘာဖြစ်နေတာလဲ မေးရင် မဖြေပဲ ငြင်းတာကို ခံရတဲ့ မိဘလုပ်သူရဲ့ ခံစားချက်ကို ကြုံဖူးမှ …

သင့်ကလေးရဲ့ ရင်ထဲမှာ ဘာဖြစ်နေလဲ သင်သိရဲ့လား Read More »