ကလေးကို အင်္ဂလိပ်စာ သင်ဖို့

ကျွန်မကလေးက အခု တစ်နှစ်ခွဲပါ၊ အဲ့ဒါ သူ့ကို အင်္ဂလိပ် စကားလုံးတွေ သင်ပေးချင်လို့ ဘယ်လို သင်ပေးရမလဲ

အသက် ၁ နှစ်ခွဲကလေးကို အင်္ဂလိပ်စာ သင်ဖို့ ငယ်လွန်းသေးတယ်လို့ အချို့က စောဒက တက်ကောင်းတက်ပါလိမ့်မယ်။ တကယ်က မငယ်တော့ပါဘူး။ ကျွန်တော့အတွေ့အကြုံအရ ကျွန်တော့ကလေးတွေကို အင်္ဂလိပ်စကားလုံး တွေနဲ့ နားယဉ်အောင် သူတို့ကို အသက် ၆ လလောက် ကတဲက အင်္ဂလိပ်လို စပြောခဲ့ပါတယ်။ ကလေးအငယ်က အခုဆို အသက် ၃ နှစ်မှာ အင်္ဂလိပ်လို အတော်ပြောနိုင်ပါပြီ (အခုထက်ထိတော့ “I is” လို့ တစ်ခါတစ်ရံ ပြောတုန်းပါ)။ သမီးအကြီးက အသက် ၇ နှစ်မှာ အင်္ဂလိပ် chapter books အလွယ်တွေကို စာလုံးမပေါင်းပဲ ကောင်းကောင်း ဖတ်နေနိုင်ပါပြီ။ အင်္ဂလိပ်လိုလဲ အတော်ကို ပြောနေနိုင်ပါပြီ (ကျွန်တော် ၁၀ တန်းတုန်းကတောင် သူ့လောက် မပြောနိုင်ပါဘူး)။ …

ကျွန်မကလေးက အခု တစ်နှစ်ခွဲပါ၊ အဲ့ဒါ သူ့ကို အင်္ဂလိပ် စကားလုံးတွေ သင်ပေးချင်လို့ ဘယ်လို သင်ပေးရမလဲ Read More »