April 2018

ကလေးကို အင်္ဂလိပ်စကား ပြောအောင် ဘယ်လို အားပေးမလဲ

ကလေးကို အင်္ဂလိပ်စကား ပြောအောင် ဘယ်လို အားပေးမလဲ

ကလေးတော်တော်များများဟာ အင်္ဂလိပ်လို ပြောဖို့ ဝန်လေးကြပါတယ်။ အချို့ကလဲ ပြောရမှာ ရှက်လို့ မပြောချင်ကြဘူး။ အချို့က ပြောရင် မှားမှာကြောက်လို့ မပြောကြဘူး။ အချို့ကလဲ သူငယ်ချင်းတွေကြားမှာ အရီခံရမှာ ကြောက်တော့ မပြောချင်ကြဘူး။ မိဘတွေအနေနဲ့ ကိုယ့်ကလေး အင်္ဂလိပ်လို ပြောရဲဆိုရဲ ရှိလာအောင် အားပေးကူညီနိုင်ပါတယ်။ ကလေးက အင်္ဂလိပ်လို မပြောရင် စိတ်ပျက်တဲ့ ပုံစံ မပြပါနဲ့။ မိဘရဲ့ အချိန်ပြည့် အာရုံစိုက် ခံရတာဟာ တစ်ခါတစ်ရံ ခလေးတွေအတွက် စိတ်အနှောက်အယှက် ဖြစ်နိုင်ပါတယ်။ အင်္ဂလိပ်လို ပြောကျင့်မရှိတဲ့ ကလေးတွေဟာ အင်္ဂလိပ်လို စပြောရရင် စိုးရိမ်ပြီး ပြောမထွက် ဖြစ်တတ်ပါတယ်။ ကလေးရဲ့ စိုးရိမ်စိတ်ကို လျှော့နည်းစေဖို့ ကလေးကို အင်္ဂလိပ် စာလုံးတွေနဲ့ စာကြောင်းတွေကို ပြောရာမှာ ကိုယ်နဲ့ မျက်နှာ …

ကလေးကို အင်္ဂလိပ်စကား ပြောအောင် ဘယ်လို အားပေးမလဲ Read More »

ဘာလို့ ပုံပြင်တွေဟာ ကလေးတွေဉာဏ်ရည် ဖွံဖြိုးရေးအတွက် အရေးပါတာလဲ

ပုံပြင်တွေဟာ ကလေးတွေရဲ့ စိတ်ပိုင်းနဲ့ ဉာဏပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ အခန်းက ပါဝင်နေပါတယ်။ သူတို့ဖတ်တဲ့ ပုံပြင်စာအုပ်လေးတွေနဲ့ ပုံပြင်ထဲက ဇါတ်ကောင်တွေဟာ ကလေးတွေအတွက်တော့ သူတို့ရဲ့ သူငယ်ချင်းကောင်း တွေပါပဲ။ ပုံပြင်စာအုပ်တွေ ဖတ်ရှုရာကတဆင့် ကလေးတွေဟာ စာအုပ်ကောင်းလေးတွေ ရွေးချယ်ဖတ်ရှုတတ်တဲ့ အလေ့အကျင့်ကောင်းကို ရရှိလာ နိုင်ပါတယ်။ စာအုပ်တွေကနေ ဘဝမှာ အောင်မြင်ရေးအတွက် အရေးပါတဲ့ အချက်အလက်တွေ ရှာဖွေနိင်တယ်ဆိုတာ ကလေးတွေ နားလည်လာ စေပါတယ်။ ပုံပြင်တွေကပေးတဲ့ အကျင့်စာရိတ္တဆိုင်ရာ သင်ခန်းစာ တွေကလဲ ကလေးတွေကို လိမ္မာယဉ်ကျေးတဲ့ ကလေးတွေအဖြစ် ပြုစုပျိုးထောင်ရာမှာ အထောက်အကူ ပြုနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးတက်လာစေနိုင်တယ် ပုံပြင်စာအုပ်တွေကို စိတ်ဝင်တစား ဖတ်ရှုရာကနေ စာဖတ်စွမ်းအား တိုးတက်လာ စေပါတယ်။ စာဖတ်အား တိုးတက်လာတဲ့အတွက် ကလေးဟာ …

ဘာလို့ ပုံပြင်တွေဟာ ကလေးတွေဉာဏ်ရည် ဖွံဖြိုးရေးအတွက် အရေးပါတာလဲ Read More »

ဘာ့ကြောင့် ကလေးတွေကို စာဖတ်ပြသင့်သလဲ

ကလေးတွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ စာအုပ်တွေကို ထပ်ခါတလဲလဲ မငြီးငွေ့တမ်း ပြန်လည်ဖတ်ရှု တတ်ကြပါတယ်။ လူကြီးတွေ အတွက်တော့ ငြီးငွေ့စရာ ကောင်းလှပေမယ့် (ကလေးငယ်တွေက မဖတ်နိုင်သေးတော့ ဖတ်ရမယ့်တာဝန်က မိဘတွေဆီ ရောက်လာတာကိုး) ကလေးတွေ အတွက်တော့ ဒါဟာ အကျိုးကျေးဇူး ဖြစ်ထွန်းစေပါတယ်။ ကလေးတွေဟာ သူတို့ဖတ်ပြီးသား စာကြောင်းတွေကို ထပ်ခါတလဲလဲ ပြန်လည်ဖတ်းရှုခြင်းအားဖြင့် စာကလုံးတွေကို ပိုမိုမှတ်မိ လာပါတယ်။ စာကြောင်းသုံးနှုံးပုံတွေလဲ ပိုမိုနားလည် မှတ်မိလာပါတယ်။ စာအုပ်တွေကို ထပ်ခါထပ်ခါ ဖတ်ရှုခြင်းအားဖြင့် ကလေးတွေရဲ့ စကားလုံး နားလည်နိုင်စွမ်းကို ပျမ်းမျှခြင်း ၄၀% လောက် ပိုမိုတိုးတက် စေနိုင်တယ်လို့ သုတေသန ပြုချက်တွေက ဆိုကြပါတယ်။ ဒါပေမယ့် ဒီအကျိုးကျေးဇူးဟာ အသံထွက်ပြီး ကျယ်ကျယ်ဖတ်မှပဲ ရနိုင်တယ်လို့ ဆိုပါတယ်။ သုတေသန ပြုချက်တွေအရ ကျောင်းမနေမီအရွယ် …

ဘာ့ကြောင့် ကလေးတွေကို စာဖတ်ပြသင့်သလဲ Read More »

ကလေးကို မရိုက်ပဲ ဘယ်လိုဆုံးမမလဲ

ပြီးခဲ့တဲ့ ဆောင်းပါးမှာ ကလေးတွေကို ဆုံးမတဲ့ နေရာမှာ ဘာ့ကြောင့် မရိုက်သင့်တာလဲ ဆိုတာကို ရေးသားခဲ့ပါတယ်။ အခုဆောင်းပါးမှာတော့ ကလေးတွေကို မရိုက်ပဲနဲ့ ဘယ်လိုစည်းကမ်း ထိန်းသိမ်းမလဲ ဆိုတာကို တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ မိဘတိုင်းဟာ ကိုယ့်သားသမီးကို တိုးတက်အောင်မြင် ဖြစ်ထွန်းစေချင်ကြတာ ဓမ္မတာပဲ ဖြစ်ပါတယ်။ ဒီလိုအောင်မြင်တဲ့ သားသမီးတွေ ဖြစ်ဖို့ လိုအပ်သလို သင်ကြားပေးတာ၊ လိုအပ်သလို စည်းကမ်းထိန်းသိမ်းတာတွေ ပြုလုပ်ကြရပါတယ်။ ဒီလိုစည်းကမ်းထိန်းတဲ့ နေရာမှာ၊ သင်ကြားပေးတဲ့ အခါမှာ တစ်ခါတစ်ရံ ပြောရဆိုရ ခက်တဲ့အခါမျိုးမှာ ကလေးကို ရိုက်နှက်ဆုံးမ ချင်စိတ်တွေ ပေါက်လာတတ်ပါတယ်။ ဒါပေမယ့် ကလေးကို ရိုက်နှက်ဆုံးမရင် ကောင်းကျိုးထက် ဆိုးကျိုးကသာ ပိုများတတ်တာမို့ မရိုက်သင့်ပါဘူး။ ဒါဆိုဘယ်လို ကလေးကို စည်းကမ်းထိန်းမလဲ။ ဘယ်လို ကိုယ်ညွှန်ကြားချက်အတိုင်း လိုက်ပါဆောင်ရွက်အောင် …

ကလေးကို မရိုက်ပဲ ဘယ်လိုဆုံးမမလဲ Read More »

ဘာ့ကြောင့် ကလေးကို မရိုက်သင့်တာလဲ

မိဘတော်တော်များများဟာ ကလေးတွေ ပြောမရ ဆိုမရ ဖြစ်လာရင် စိတ်တိုပြီး ကလေးကို ရိုက်ချင်စိတ်တွေ ပေါ်လာတတ်ပါတယ်။ တချို့မိဘတွေကလဲ စိတ်မထိန်းနိုင်ပဲ ကလေးကို ရိုက်မိတတ်ကြပါတယ်။ အချို့ရှေးဆန်တဲ့ မိဘတွေကတော့ ကလေးကို ရိုက်နှက်ဆုံးမဖို့ လိုအပ်တယ်ဆိုတဲ့ အယူအဆ ရှိကြပါတယ်။ ဒီခေတ်မှာတော့ မိဘ တော်တော်များများဟာ ကလေးကို ရိုက်နှက်ဆုံးမတာမျိုး မလုပ်သင့်တော့ဘူးဆိုတာ သဘောပေါက် နားလည်လာကြပေမယ့် စိတ်ဒေါသအလျှောက် တခါတလေ ရိုက်နှက်မိ တတ်ကြပါတယ်။ ဒါ့ကြောင့် ဘာကြောင့် ကလေးကို ရိုက်နှက်ဆုံးမတာမျိုး မပြုလုပ်သင့်ဘူးလဲဆိုတဲ့ အကြောင်း (၉) ချက်ကို အောက်မှာ တင်ပြဆွေးနွေးထားပါတယ်။ (၁) ရိုက်နှက်ဆုံးမတာဟာ ကလေးကို “အားကြီးသူက မှန်တယ်” ဆိုတဲ့ မှားယွင်းတဲ့ အယူအဆကို သင်ပေးပါတယ် သင့်ကလေး မှားယွင်းမှု တစ်ခုခု လုပ်မိလို့ …

ဘာ့ကြောင့် ကလေးကို မရိုက်သင့်တာလဲ Read More »