English usage

Everyday or Every day

အင်္ဂလိပ်စာ သုံးတဲ့သူ တော်တော်များများ မကြာခန မှားတတ်တာကတော့ everyday နဲ့ every day ဘယ်ဟာကို ဘယ်နေရာမှာ သုံးရမှန်း သေသေချာချာ မသိကြတာပါပဲ။ အချို့က everyday (every နဲ့ day ကြားမှာ ကွက်လပ်မရှိပဲ တဆက်ထဲ ရှိတာ) ကအမှန်။ every day (ကြားမှာ ကွက်ကလပ် ပါတာ) ကအမှားလို့ ပြောကြပါတယ်။ အင်္ဂလိပ်စာ သင်နေတဲ့ ဆရာတချို့ ကပါ ဒီလို သင်နေကြတာ မကြာခန တွေ့ဘူးပါတယ်။ ဒါဆို everyday နဲ့ every dayဘယ်ဟာက အမှန်လဲ။ ဘယ်နေရာမှာ ဘယ်စကားလုံးကို သုံးရမလဲ ဆိုတာ ဘယ်လိုသိနိုင်မလဲ။

တကယ်တော့ everyday ရော every day ရော နှစ်ခုစလုံး မှန်ပါတယ်။ ဒါဆိုရင် အဲ့ဒီနှစ်ခုကို ကြိုက်သလို သုံးလို့ရလား လို့မေးရင်တော့ မရပါဘူးလို့ပဲ ဖြေရပါမယ်။ ဘာကြောင့်လဲ ဆိုတော့ every day က adverb ဖြစ်ပြီး everyday ကတော့ adjective ဖြစ်လို့ပါပဲ။ Every day ဆိုတာသည် each day (နေ့တိုင်း) ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။ Everyday ကတော့ နေ့စဉ်/နေ့တဒူဝ လို့ ပြန်လို့ရမယ် ထင်ပါတယ်။ ဒါ့ကြောင့် each day ဆိုတဲ့ အဓိပ္ပါယ် အနေနဲ့ သုံးမယ်ဆိုရင် every day လို့သုံးမှ အမှန်ဖြစ်ပြီး adjective အနေနဲ့ သုံးရင် everyday လို့ သုံးရပါမယ်။ ပိုရှင်းအောင် အောက်မှာ ဥပမာ အချို့ ပေးထားပါတယ်။

“Every day, I spend a lot of time correcting everyday mistakes”

Every day, I go to work at 8 AM in the morning. (Adv.)
T-shirts are my everyday clothes. (Adjective)
These shoes are great for everyday wear. (Adjective)
Every day, I feel a little better. (Adv.)
I go to school every day except on Sunday. (Adv.)
Don’t wear the everyday clothes. It is a special occasion. (Adjective)

နောက်နေ့တွေမှာ တခြား မှားတတ်တဲ့ English အသုံအနှုန်းတွေ ဆက်ပါ့မယ်။

Leave a Reply Cancel reply