Learning English

ကလေးကို အင်္ဂလိပ်စကား ပြောအောင် ဘယ်လို အားပေးမလဲ

ကလေးတော်တော်များများဟာ အင်္ဂလိပ်လို ပြောဖို့ ဝန်လေးကြပါတယ်။ အချို့ကလဲ ပြောရမှာ ရှက်လို့ မပြောချင်ကြဘူး။ အချို့က ပြောရင် မှားမှာကြောက်လို့ မပြောကြဘူး။ အချို့ကလဲ သူငယ်ချင်းတွေကြားမှာ အရီခံရမှာ ကြောက်တော့ မပြောချင်ကြဘူး။ မိဘတွေအနေနဲ့ ကိုယ့်ကလေး အင်္ဂလိပ်လို ပြောရဲဆိုရဲ ရှိလာအောင် အားပေးကူညီနိုင်ပါတယ်။ ကလေးက အင်္ဂလိပ်လို မပြောရင် စိတ်ပျက်တဲ့ ပုံစံ မပြပါနဲ့။ မိဘရဲ့ အချိန်ပြည့် အာရုံစိုက် ခံရတာဟာ တစ်ခါတစ်ရံ ခလေးတွေအတွက် စိတ်အနှောက်အယှက် ဖြစ်နိုင်ပါတယ်။ အင်္ဂလိပ်လို ပြောကျင့်မရှိတဲ့ ကလေးတွေဟာ အင်္ဂလိပ်လို စပြောရရင် စိုးရိမ်ပြီး ပြောမထွက် ဖြစ်တတ်ပါတယ်။ ကလေးရဲ့ စိုးရိမ်စိတ်ကို လျှော့နည်းစေဖို့ ကလေးကို အင်္ဂလိပ် စာလုံးတွေနဲ့ စာကြောင်းတွေကို ပြောရာမှာ ကိုယ်နဲ့ မျက်နှာ …

ကလေးကို အင်္ဂလိပ်စကား ပြောအောင် ဘယ်လို အားပေးမလဲ Read More »

ABC အင်္ဂလိပ် အက္ခရာတွေကို အသံထွက်မှန်မှန် ထွက်ဖို့ ဖိုးနစ် အသံထွက်တွေ

ဒီနေ့တော့ အိမ်မှာကလေးတွေကို ဖိုးနစ်နည်းနဲ့ စာသင်တဲ့အခါ အရေးအကြီးဆုံးဖြစ်တဲ့ အင်္ဂလိပ် အက္ခရာ (alphabet) တွေကို အသံထွက် မှန်မှန်ထွက်အောင် လေ့ကျင့်နိုင်ဖို့ ဗီဒီယိုဖိုင်လေးတစ်ခု တင်ဆက်ပေးထားပါတယ်။ ဖိုနစ်နည်းနဲ့ စာသင်ရာမှာ ABC စတာတွေကို အေ၊ ဘီ၊ စီ၊ ဒီ ဆိုပြီး မသင်ပါဘူး။ ဒီအစား သူတို့ရဲ့ အသံထွက်ကို သင်ပါတယ်။ ဥပမာ – အ၊ ဘ၊ ခ၊ ဒ ဆိုပြီး ABCD တွေရဲ့ အသံထွက်ကို သင်ပေးတာပါ။ အင်္ဂလိပ် အက္ခရာတွေရဲ့ ဖိုးနစ် အသံထွက်တွေကို မြန်မာလို ရေးပြလို့ ဘယ်လိုမှ အသံထွက်အမှန် မရနိုင်ပါ။ ဒါ့ကြောင့် ကလေးတွေကို စာသင်မယ့် မိဘတွေနဲ့ ကျောင်းဆရာဆရာမတွေ (ဒီစာမျက်နှာကို LIKE …

ABC အင်္ဂလိပ် အက္ခရာတွေကို အသံထွက်မှန်မှန် ထွက်ဖို့ ဖိုးနစ် အသံထွက်တွေ Read More »

သင့်ကလေးကို အင်္ဂလိပ်စာ တော်ဖို့ ဘယ်လိုအားပေးမလဲ

ယခုခေတ်မှာ ကမ္ဘာသုံးစကားဖြစ်တဲ့ အင်္ဂလိပ်စာကို ကလေးတွေငယ်ငယ်ကတဲက စပြီး သင်ပေးနေ ကြပါပြီ။ အင်္ဂလိပ်စာကို ငယ်ငယ်ကတဲက သင်ကြားပေးခြင်းဖြင့် ကလေးရဲ့ အင်္ဂလိပ်စာ အရည်အချင်းကိုလဲ အများကြီး တိုးတက်လာစေပါတယ်။ ကလေးတွေကို အင်္ဂလိပ်စာ သင်ကြားပေးရာမှာ ကျူရှင်မှာ အပ်ပြီး သင်ပေးရုံနဲ့ မလုံလောက်ပါဘူး။ ကလေးကို တကယ်အင်္ဂလိပ်စာ တတ်စေ တော်စေ ချင်တယ်ဆိုရင် အိမ်မှာလဲ ကလေးအင်္ဂလိပ်စာ လေ့လာနိုင်အောင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ အားပေးဖို့ လိုအပ်ပါတယ်။ ကိုယ့်ကလေးကို အိမ်မှာ အင်္ဂလိပ်စာလေ့လာသင်ယူနိုင်အောင် အားပေးကူညီဖို့၊ အခွင့်အလမ်းတွေ ဖန်တီးဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြံဉာဏ် ၉ ချက်ကို ဆွေးနွေးထားပါတယ်။ (၁) သင်ကိုယ်တိုင် အင်္ဂလိပ်စာ သင်ပါ သင့်ကလေးကို အင်္ဂလိပ်စာ တော်စေတတ်စေချင်တယ်ဆိုရင် သင်လဲ အင်္ဂလိပ်စာ အတိုင်းအတာ …

သင့်ကလေးကို အင်္ဂလိပ်စာ တော်ဖို့ ဘယ်လိုအားပေးမလဲ Read More »

ကိုယ့်ကလေးကို အိမ်မှာ ဘယ်လို အင်္ဂလိပ်စာ သင်ပေးမလဲ

မိဘတော်တော်များများဟာ အိမ်မှာ ကိုယ့်ကလေးကို အင်္ဂလိပ်စာ သင်ပေးချင် ကြပါတယ်။ ကလေးကို အင်္ဂလိပ်စာ ကျူရှင်ပို့တဲ့ မိဘတွေတောင်မှပဲ အိမ်မှာတတ်နိုင်သရွေ့ သင်ပေးချင် ကြပါတယ်။​ဒါပေမယ့် ဘယ်လိုသင်ရမလဲဆိုတာ မိဘတော်တော်များများက မသိကြပါဘူး။ အောက်မှာ မိမိကလေးကို အသက် အပိုင်းအခြားအလိုက် ဘယ်လို အင်္ဂလိပ်စာ သင်ပေးရမလဲဆိုတာ အကြံပြု ဆွေးနွေးထားပါတယ်။ ကလေးကို အင်္ဂလိပ်စာ စသင်ချင်တယ်၊ ဘယ်ကဘယ်လို စရမှန်း မသိဘူး ဖြစ်နေတယ် မိဘတော်တော်များများက အိမ်မှာကလေးကို အင်္ဂလိပ်စာ စသင်ပေးချင် ပေမယ့် ဘယ်ကစရမှန်း မသိ ဖြစ်နေတတ်ကြပါတယ်။ အချို့ကလဲ ကိုယ့်အင်္ဂလိပ်စာ အခြေခံက အကောင်း ကြီးမဟုတ်တော့ မစရဲတဲ့သူတွေလဲ ရှိပါတယ်။ ကလေးကို အင်္ဂလိပ်စာ စသင်ဖို့ဆိုတာ မိဘလုပ်သူက အင်္ဂလိပ်စာ အရမ်းကောင်းနေစရာ မလိုပါဘူး။ အဓိက …

ကိုယ့်ကလေးကို အိမ်မှာ ဘယ်လို အင်္ဂလိပ်စာ သင်ပေးမလဲ Read More »

အသက် ၃ နှစ်နဲ့ ၅ နှစ်ကြား ကလေး စာစဖတ်ဖို့ အသင့်ပြင်ပေးပါ

ကလေးအသက် ၃ နှစ်မှာ စပြီး အင်္ဂလိပ် စာအုပ်လေးတွေနဲ့ စမိတ်ဆက်ပေးလို့ ရပါပြီ။ ဒီအဆင့်ဟာ ကလေးတွေကို အင်္ဂလိပ်စာနဲ့ ယဉ်ပါးဖို့ စတင်လေ့ကျင့်ပေးဖို့ အသင့်တော်ဆုံးအချိန်လဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ကလေးတွေဟာ အင်္ဂလိပ်စာလုံးတွေကို မှတ်မိသိရှိရုံမက လွယ်ကူတဲ့ စာလုံးလေးတွေကိုလဲ စတင်မှတ်မိအောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ ဒီလိုလေ့ကျင့်သင်ကြားပေးဖို့ ဘာတွေလိုအပ်မလဲ၊ ဘယ်လိုသင်ကြားလေ့ကျင့်ပေးမလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ စာဖတ်တာကို ပျော်ရွှင်ဖို့လိုတယ် ကလေးဟာ စာဖတ်ရတာ ပျော်ရွှင်ဖို့ အရေးကြီးပါတယ်။ ဒီလိုပျော်ရွှင်မှလဲ ကလေးက စာဖတ်ရတာကို စိတ်ဝင်စားမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုတာ မိဘက စာဖတ်တာကို အလုပ်ကြီးတစ်ခု၊ တာဝန်တစ်ခုလို မသတ်မှတ်ပဲ ပျော်ရွှင်ဖွယ် ကစားနည်းတစ်ခုအဖြစ် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို ဘယ်နှမိနစ်၊ ဘယ်နှစ်မျက်နှာ ပြီးအောင် ဖတ်ရမယ် …

အသက် ၃ နှစ်နဲ့ ၅ နှစ်ကြား ကလေး စာစဖတ်ဖို့ အသင့်ပြင်ပေးပါ Read More »

Oxford Reading Tree

ကိုယ့်ကလေးကို အိမ်မှာ အင်္ဂလိပ်စာသင်ပေးမယ်ဆိုရင် မိဘတွေအနေနဲ့ ကလေးဖတ်ဖို့ သင့်တော်တဲ့ အင်္ဂလိပ်စာအုပ်တွေ ဝယ်ပေးဖို့ လိုပါတယ်။ ကလေးတွေ အင်္ဂလိပ်စာ ဖတ်တဲ့ နေရာမှာ တွေရာစာအုပ်တွေ လျှောက်ပေးဖတ်နေမယ့်အစား ကလေးရဲ့ အသက်၊ ကလေးရဲ့ အင်္ဂလိပ်စာ အဆင့်နဲ့ လိုက်လျောညီထွေတဲ့ စာအုပ်တွေကို တဆင့်ချင်း ပေးဖတ်သွားတာဟာ ကလေးရဲ့ အင်္ဂလိပ်စာ အဆင့်တိုးတက်မှုကို အများကြီး အထောက်အကူပြုပါတယ်။ ဒီလို အဆင့်အလိုက် အင်္ဂလိပ်စာ စာအုပ်တွေ အဆင့်သတ်မှတ်ရာမှာ Oxford Reading Tree ဟာ နံမည်ကျော်ပါတယ်။ အင်္ဂလန်က အစိုးရ မူလတန်းကျောင်း ၈၀% လောက်ဟာ ကလေးတွေကို အင်္ဂလိပ်စာ သင်ရာမှာ ဒီ Oxford Readig Tree Grading System ကို အသုံးပြုကြပါတယ်။ …

Oxford Reading Tree Read More »

ဖလက်ရှ်ကတ် (Flash Card) သုံးပြီး ဖိုးနစ် (Phonics) စသင်ရအောင်

ဒီတစ်ပါတ်တော့ ပထမဆုံး ဖိုးနစ် သင်ခန်းစာအနေနဲ့ ကျောင်းစမနေသေးတဲ့ သင့်ကလေးကို ဖိုးနစ်အသံထွက်တွေနဲ့ နီးစပ်အောင် ဘယ်လိုစ သင်ကြား ပေးမလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီနည်းက ဘာမှ အထူတလယ် ကုန်ကျစရာ မလိုပါဘူး။ ကတ်ထူပြားလေးတွေပေါ်မှာ ရောင်စုံခဲတံ နဲ့ A, B, C ရေးပြီး သင်တာပါ။ ဒီကတ်လေးတွေကို Flash Card ဖလက်ရှ်ကတ် တွေလို့ ခေါ်ပါတယ်။ အိမ်မှာ ငွေမကုန်ပဲ အလွယ်တကူ လုပ်နိုင်ပါတယ်။ ဖလက်ရှ်ကတ်လေးတွေလုပ်ပါ ပထမဆုံး လိုတာက ဖလက်ရှ်ကတ်တွေပါ။ ဆိုင်က ကတ်ထူစက္ကူပြားတွေ ဝယ်ပြီး ဖဲချပ်အရွယ်လေးတွေ ညှပ်လိုက်ပါ။ ပြီးရင် ရောင်စုံခဲတံနဲ့ အေကနေ ဇက်အထိ (A – Z) တစ်ကတ်ကို စာလုံးတစ်လုံး ချရေးပါ။ …

ဖလက်ရှ်ကတ် (Flash Card) သုံးပြီး ဖိုးနစ် (Phonics) စသင်ရအောင် Read More »