fbpx

Cuddle Me to Read စာအုပ်ဆိုင်မှစာအုပ်ဘယ်လိုမှာမလဲ

၁။ သင့် ကွန်ပြူတာ (သို့) မိုဘိုင်းဖုန်း browser အား ဖွင့်ပြီး www.cuddlemetoread.com လိပ်စာအား ရိုက်ထည့်ပါ။

၂။ သင်စိတ်ဝင်စားသော စာအုပ်အား click ခေါက်၍ ဝင်ကြည့်ပါ။ အတွင်း စာမျက်နှာများအားလဲ ကြည့်ရှုနိုင်ပါသည်။ စာအုပ်နှင့် ပါတ်သက်သော အသေးစိတ် အချက်အလက် များကိုလဲ ကြည့်ရှုနိုင်ပါသည်။

၃။ စာအုပ်ကို ဝယ်ယူလိုပါက Add to Cart ခလုပ်ကို နှိပ်လိုက်ပါ။

၄။ ၎င်း စာအုပ်ကို Shopping Cart ထဲ ထည့်ပြီးကြောင်း စာပေါ်လာပါမည်။ (Shopping Cart ထဲ ထည့်ပြီးသော စာအုပ်အား နောက်တစ်ကြိမ် ထပ်ထည့်ပါက အမှားပြပါလိမ့်မည်။)

၅။ စာအုပ်များအား စိတ်ကြိုက် ရွေးချယ် ဝယ်ယူပြီးပါက စုစုပေါင်း ကျသင့်တန်ဖိုး တွက်ချက်ရန် View Cart ခလုတ်ကို နှိပ်ပါ။

၆။ ပထမ ဆုံးအကြိမ် ဝယ်ယူခြင်း ဖြစ်ပါက ၂၀% discount ရရှိခံစားနိုင်ရန်အတွက် coupon code “Welcome” ကို အသုံးပြုပါ။ ၎င်း ကူပွန်ကုဒ်ကို ယခု အသုံး မပြုလိုသေးပါက နောက်တစ်ကြိမ် အသုံးပြုရန် သိမ်းထားနိုင်ပါသည်။ ၎င်း “Welcome” coupon code ကို အကောင့် တစ်ခုလျှင် တစ်ကြိမ်သာ အသုံးပြု နိုင်ပါသည်။ ကူပွန်ကုဒ် ရိုက်ထည့်ပြီးပါက “Apply Coupon” ခလုတ်ကို နှိပ်ရန် မမေ့ပါနှင့်။

၇။ ရွေးချယ်ထားသော စာအုပ်များကို မှာကြားရန် Proceed to Check out ခလုတ်ကို နှိပ်ပါ။

၈။ Log in လုပ်ရန်အတွက် Facebook Log In ကိုရွေးချယ်ပါ။

၈။ Billing Address (စာအုပ်မှာသူ၏ လိပ်စာ) ကိုဖြည့်ပါ။ (မှတ်ချက်။ ဇော်ဂျီဖောင့်ဖြင့် ဖြစ်စေ၊ ယူနီကုဒ် ဖောင့်ဖြင့် ဖြစ်စေ ဖြစ်စေ ဖြည့်သွင်းနိုင်ပါသည်။ သို့သော် ဇော်ဂျီဖြင့် ဖြည့်ပါက ဝယ်ယူမှု အောင်မြင်ကြောင်း confirm လုပ်သော စာမျက်နှာတွင် ဖောင့်အမှန် ပေါ်မည် မဟုတ်ပါ။ အင်္ဂလိပ် ဘာသာဖြင့် လဲရေးသွင်းနိုင်ပါသည်။)

၉။ လိပ်စာဖြည့်ရာတွင် ယခုအမှာကို ယခင်အမှာများနှင့် ပေါင်းပို့ပေးစေလိုပါက သက်ဆိုင်ရာ အကွက်တွင် YES ကိုရွေးပါ။ ပြီးလျှင် NEXT ကိုနှိပ်ပါ။

၁၀။  Shipping Address (စာအုပ်ပို့ပေးရမည့် လိပ်စာ) သည် မှာယူသူ၏ Billing Address နှင့် အတူတူ ဖြစ်ပါက Shipping Address အား ထပ်ဖြည့်ရန် မလိုပါ။ အကယ်၍ အခြားလိပ်စာသို့ ပို့ပေးစေ လိုပါက ပို့ရမည့် လိပ်စာကို Shipping Address တွင်ဖြည့်ပါ။ စာအုပ် Delivery လုပ်ရာတွင် သီးသန့် မှာကြားလိုသည်များ ရှိပါက Order Note တွင် ရေးဖြည့်ပါ။ မြန်မာ ယူနီကုဒ် (သို့) အင်္ဂလိပ် ဘာသာဖြင့် ရေးဖြည့်နိုင်ပါသည်။

၁၁။ နောက်စာမျက်နှာတွင် မှာကြားသော အမှာစာရင်းနှင့် စုစုပေါင်း ကျသင့်တန်ဖိုးကို စစ်ဆေးပါ။ Shipping Method တွင် ဆိုင်တွင်လာယူလိုပါက Local Pickup ကို ရွေးချယ်ပါ။ အကယ်၍ ယခုအမှာကို ယခင်အမှာများနှင့် ပေါင်းပို့စေလိုပါကလဲ Local Pickup ကို ရွေးချယ်ပါ။

၁၂။ Payment method တွင် Direct Bank Transfer (သို့) Cash on delivery ကို ရွေးချယ်ပါ။ (မှတ်ချက်။ Cash on delivery ကုန်ရောက်ငွေချေ စနစ်ဖြင့် မြို့အားလုံးသို့ ပို့ဆောင်နိုင်ခြင်း မရှိသေးပါ)

၁၃။ Check out process အတွင်း Cuddle Me to Read မှ ဝန်ထမ်းများနှင့် ဆက်သွယ်လိုပါက Facebook Messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။

၁၄။ “I have read and agree to the terms and conditions” စာကြောင်းရှေ့ရှိ check box အားအမှတ်ခြစ်ပြီး Place Order ကို နှိပ်၍ စာအုပ် အမှာတင်ပါ။ အကယ်၍ သင်မှာသော စာအုပ် in stock လက်ကျန် မရှိပါက စာအုပ် ကုန်နေကြောင်း သတိပေးပါ လိမ့်မည်။ ၎င်း မရသော စာအုပ်အား အမှာစာရင်းမှ ဖယ်ရှားပြီး Place Order ကို နှိပ်၍ စာအုပ် အမှာတင်ပါ။

၁၅။ အမှာအောင်မြင်ပါက အော်ဒါအောင်မြင်ကြောင်း confirmation message ပေါ်လာပါမည်။ Cuddle me to Read နှင့် ဆက်သွယ်ရာတွင် လွယ်ကူစေရန် အော်ဒါနံပါတ်ကို မှတ်ထားပါ။

၁၆။ အော်ဒါနှင့် ပါတ်သွက်၍ ဆက်သွယ်ရ လွယ်ကူစေရန် Facebook Messenger Link ကိုနှိပ်၍ Cuddle Me to Read မှ ဝန်ထမ်းများနှင့် ဆက်သွယ်ရန် တိုက်တွန်းပါသည်။

၁၇။ Invoice အား သင့် email သို့ ပို့ပေးမည်ဖြစ်ပါသည်။ email မရပါက Spam / Junk Folder ထဲတွင် ဝင်ရောက်စစ်ဆေးပါ။ မရပါက Cuddle Me သို့ Facebook Messenger မှတဆင့် ဆက်သွယ်ပါ။

Close Menu
×
×

Cart