fbpx

၁။ ဝယ်လိုတဲ့စာအုပ်တွေကို shopping cart ထဲထည့်တဲ့အခါထည့်မရပဲအောက်ကစာပေါ်လာပါတယ်။အဲဒါဘာဖြစ်လို့လဲ။ 

စာအုပ် အများစုက တစ်အုပ်စီပဲ ရှိပါတယ်။ ဒါ့ကြောင့် ဒီစာအုပ်ကို shopping cart ထဲထည့်ထားပြီးသားကို နောက်တစ်ခါ ထပ်ထည့်ဖို့ ကြိုးစားရင် စာအုပ်က ရှိပြီးသားမို့ နောက်ထပ် ထပ်ထည့်ခွင့် မပေးတော့ တာဖြစ်ပါတယ်။ ဒီစာအုပ်က သင့်ရဲ့ shopping cart ထဲမှာ ရှိနေပြီးသား ဖြစ်ပါတယ်။

၂။ ဝယ်လိုတဲ့စာအုပ်တွေကို shopping cart ထဲထည့်တဲ့အခါထည့်မရပဲအောက်ကစာပေါ်လာပါတယ်။အဲဒါဘာဖြစ်လို့လဲ။ 

စာအုပ် အများစုက တစ်အုပ်စီပဲ ရှိပါတယ်။ အကယ်၍ သင်ကြည့်နေတဲ့ စာအုပ်ကို shopping cart ထဲ မထည့်ရ သေးခင်မှာ အခြား တစ်ယောက်က ရွေးပြီး check out လုပ် ဝယ်သွားမယ် ဆိုရင် အဲဒီစာအုပ်က သင် shopping cart ထဲ ထည့်တဲ့အခါ in stock ရှိတော့မှာ မဟုတ်ပါဘူး။ ဒီအခါမှာ shopping cart ထဲ ထည့်မရပဲ ဒီစာ ပေါ်လာမှာ ဖြစ်ပါတယ်။

၃။ ဝယ်လိုတဲ့စာအုပ်တွေကို shopping cart ထဲထည့်ပြီး check out လုပ်တဲ့အခါလုပ်မရပဲအောက်ကစာပေါ်လာပါတယ်။အဲဒါဘာဖြစ်လို့လဲ။  

စာအုပ် အများစုက တစ်အုပ်စီပဲ ရှိပါတယ်။ အကယ်၍ သင်ရွေးထားတဲ့ စာအုပ်ကို check out လုပ်ပြီး မဝယ်ရ သေးခင်မှာ အခြား တစ်ယောက်က ရွေးပြီး check out လုပ် ဝယ်သွားမယ် ဆိုရင် အဲဒီစာအုပ်က သင် check out လုပ်ချိန်မှာ in stock ရှိတော့မှာ မဟုတ်ပါဘူး။ ဒီအခါမှာ check out လုပ်မရပဲ ဒီစာ ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဒီမရတော့တဲ့ စာအုပ်ကို shopping cart ထဲက ဖယ်ရှားပြီး check out လုပ်နိုင်ပါတယ်။

၄။ ကိုယ် shopping cart ထဲထည့်ထားတဲ့စာအုပ်ကသူများဦးသွားလို့ပဲဖြစ်ဖြစ်၊ကိုယ်မလိုချင်တော့လို့ပဲဖြစ်ဖြစ် shopping cart ထဲကပြန်ထုတ်ချင်တယ်ဆိုရင်ဘယ်လိုပြန်ထုတ်ရမလဲ။

shopping cart စာမျက်နှာကို သွားပြီး လျှော့ချင်တဲ့ စာအုပ်ရဲ့ Quantity ကို လျှော့ပါ။ ပြီးရင် Update Cart ကိုနှိပ်ပါ။ ဖယ်လိုတဲ့ စာအုပ်ကို ဖယ်ရှားပြီး ဖြစ်သွားပါ့မယ်။

၅။ Check-out လုပ်တာလုပ်မရပဲအောက်ကစာပေါ်လာတယ်၊ဘယ်လိုလုပ်ရမလဲ။

Check-out လုပ်ရင် Terms & Condition ကိုသိရှိ နားလည်ပြီး လက်ခံကြောင်း ဆိုတဲ့ check box လေးကို အမှတ်ခြစ် ပေးဖို့ လိုပါတယ်။ ဒီ check box လေးကို အမှတ် ခြစ်မထားဘူး ဆိုရင် check out လုပ်လို့ ရမှာမဟုတ်ပါဘူး။

Close Menu
×
×

Cart