သင့်ကလေး အာရုံပြောင်းအောင် ဘယ်လိုလုပ်မလဲ

သင့်ကလေး တီဗွီကြည့်နေတုန်း ထမင်းစားဖို့ ခေါ်ရင် မလာပဲ ပေကပ်နေသလား။ ကျောင်းပို့တဲ့ အခါ မသွားပဲ ငိုယိုနေ သလား။ အရုပ်မဝယ်ပေးလို့ ဆိုပြီး လူကြားသူကြားထဲမှာ အောက်ဟစ်ငိုယို နေသလား။ ဒီလိုအခါမျိုးဟာ ကလေးတိုင်းလိုလို အနဲနဲ့ အများ တစ်ချိန်မဟုတ် တစ်ချိန်တော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါမျိုး မကြာခဏ ပုံမှန်ဆိုသလို ဖြစ်နေတဲ့ အခါမျိုးဆို ဘယ်လိုလုပ်ကြမလဲ။ “ကလေးတွေဟာ ပစ္စုပ္ပန်ကာလမှာပဲ အာရုံရှိကြတာပါ။ အတိတ်နဲ့ အနာဂါတ်ဆိုတာ သူတို့အာရုံမှာ မရှိပါဘူး။ သူတို့ ဘယ်အချိန်ထမင်းစားရမယ်၊ ဘယ်အချိန် ညအိပ်ယာဝင်ရမယ် လို့ ကြိုတင်တွေးတောတာမျိုး သူတို့ဆီမှာ မရှိပါဘူး။ သူတို့ လက်ရှိ အာရုံဝင်စားနေတဲ့ အရာ တစ်ခုခုကနေ နောက်တစ်ခုကို ပြောင်းဖို့ကြိုးစားရင် သူတို့တွေ မကြိုက်ပဲ အတိုက်အခံ …

သင့်ကလေး အာရုံပြောင်းအောင် ဘယ်လိုလုပ်မလဲ Read More »