Development

သင့်ကလေးကို ဘယ်လိုစာဖတ်ပြမလဲ

ကလေးတွေ စာဖတ်တာ စိတ်ဝင်စားအောင် လုပ်ဖို့ဆို ပထမဆုံး ကလေးကို စာအုပ်တွေနဲ့ ယဉ်ပါးအောင် လုပ်ပေးဖို့ လိုပါတယ်။ ဒီလို လုပ်ဖို့ အကောင်းဆုံးကတော့ ကလေးငယ်တုန်းမှာ သူတို့ကို စာဖတ်ပြတာပါပဲ။ စာအုပ်တွေကို ကိုင်တွယ်ထိတွေ့ရတာ ပျော်တဲ့ ကလေးတွေဟာ သူတို့ကြီးလာတဲ့ အခါမှာလဲ စာဖတ်ဖို့ ဝါသနာ ပါလာကြပါတယ်။ အောက်မှာ ကလေးငယ်ငယ်လေးတွေကို ဘယ်လိုစာဖတ် ပြရမလဲဆိုတာ အကြံပြုထားပါတယ်။ တစ်ခါဖတ်ရင် အချိန်နည်းနည်းနဲ့ မကြာခဏ ဖတ်ပြပါ ကလေးတွေရဲ့ စိတ်ဝင်စားမှု ဟာ အချိန်တိုတောင်းလှပါတယ်။ အခု စာအုပ်ကို စိတ်ဝင်စားနေပေမယ့် ခဏနေ သူ့အာရုံက နောက်တစ်ခုကို ပြောင်းသွားပါလိမ့်မယ်။ စိတ်မပျက်ပါနဲ့။ စာအုပ်တစ်အုပ်လုံး ပြီးအောင်ဖတ်ပြစရာလဲ မလိုပါဘူး။ သူတို့ ဖတ်ချင်တဲ့ ကြည့်ချင်တဲ့ စာမျက်နှာ၊ ရုပ်ပုံတွေကို ကလေးက …

သင့်ကလေးကို ဘယ်လိုစာဖတ်ပြမလဲ Read More »

သင့်ကလေး စာဖတ်ချင်စိတ် ဖြစ်လာအောင် ဘယ်လိုပြုစုပျိုးထောင် ပေးမလဲ

စာဖတ်ခြင်းဟာ ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အလွန်ပဲ အရေးပါပါတယ်။ ဒါပေမယ့် အခုခေတ်မှာ ကလေးတွေဟာ စာဖတ်ဖို့ထက် တီဗီကြည့်ဖို့နဲ့ ဗီဒီယိုဂိမ်း ကစားဖို့ကို ပိုပြီး စိတ်အားသန် ကြပါတယ်။ ကလေးတစ်ယောက်ကို စာဖတ်ခြင်စိတ် ပေါ်လာအောင် လုပ်ဖို့ သိပ်တော့ မလွယ်လှပါဘူး။ ဒါပေမယ့် ကလေးစာအုပ်ကောင်းတွေလဲ ရှိမယ်၊ မိဘကလဲ လိုအပ်တဲ့ အားပေးမှုလုပ်မယ်ဆိုရင်တော့ ကလေးကို စာဖတ်ချင်စိတ် ဖြစ်ပေါ်လာအောင် လုပ်ဖို့ မခက်ခဲလှပါဘူး။ အောက်ပါနည်းလမ်းများနဲ့ ကလေးတစ်ယောက်ရဲ့ စာဖတ်ချင်စိတ်ကို အဆင့်ဆင့် ပြုစုပျိုးထောင် ပေးနိုင်ပါတယ်။ (၁) ကလေးငယ်ငယ် ကတဲကစပြီး သူ့ကို စာဖတ်ပြပါ လူတော်တော်များများဟာ ငယ်ငယ်တုန်းက သူတို့မိဘတွေ သူတို့ကို ယုယုယယ ထွေးပွေ့ပြီး စာဖတ်ပြခဲ့တာကို အသက်ကြီးသည်အထိ မှတ်မိနေကြပါတယ်။ သင့်ကလေးကို ငယ်ရွယ်တုန်းမှာ စာဖတ်ပြတာဟာ …

သင့်ကလေး စာဖတ်ချင်စိတ် ဖြစ်လာအောင် ဘယ်လိုပြုစုပျိုးထောင် ပေးမလဲ Read More »

သင့်ကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု (Self-esteem) ကို ဘယ်လိုမြှင့်တင် ပေးမလဲ

ကလေးတစ်ယောက် ကိုယ့်လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး အားရကျေနပ်မှု ရှိတယ် မရှိဘူးဆိုတာကို သတိထား ကြည့်ရင် သိနိုင်ပါတယ်။ တချို့ကလေးတွေဟာ ကိုယ့်လုပ်ဆောင်မှု တစ်ခုခုကို ကျေနပ်ဂုဏ်ယူပေမယ့် တချို့ကလေးတွေကတော့ မိမိရဲ့ လုပ်ဆောင်မှုနဲ့ ပါတ်သက်လို့ ကျေနပ်အားရမှု မရှိပါဘူး။ ဒီလိုမိမိရဲ့ လုပ်ဆောင်မှုကိုဖြစ်ဖြစ်၊ မိမိကိုယ်ကို ဖြစ်ဖြစ် ကျေနပ်တာ၊ အားရတာ၊ ဂုဏ်ယူတာဟာ ကလေးတစ်ယောက် မိမိကိုယ်ကို တန်ဖိုးထားမှု (self-esteem) လို့ ပညာရှင်တွေက သတ်မှတ်ပါတယ်။ မိမိကိုယ်ကို တန်ဖိုးထားတဲ့ ကလေးတွေဟာဆိုရင် မိမိကို မိဘ၊ဆရာမ၊ သူငယ်ချင်းတွေနဲ့ ပါတ်ဝန်းကျင်က တန်ဖိုးထားတယ် လက်ခံတယ်လို့ ခံစားရတယ် သူတို့ဟာ သူများတွေက သူတို့အပေါ် မျှော်လင့်သလိုမျိုး လုပ်ဆောင်နိုင်တယ်လို့ ယုံကြည်စိတ်ရှိတယ် သူတို့လုပ်ဆောင်လိုက်တဲ့ အောင်မြင်မှု တစ်ခုခုအတွက် ဂုဏ်ယူတယ် သူတို့ကိုယ် သူတို့ …

သင့်ကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု (Self-esteem) ကို ဘယ်လိုမြှင့်တင် ပေးမလဲ Read More »