Singapore Maths

Singapore Maths စင်္ကာပူနည်းနဲ့ သင်္ချာသင်မယ်

Singapore Maths စင်္ကာပူ သင်္ချာသင်ကြားနည်းကို စင်္ကာပူ ပညာရေးဌာနကနေ ရေးဆွဲတည်ထွင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနည်းစနစ်ကို မူကလ အစိုးရ ကျောင်းတွေမှာ သင်ကြားဖို့ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းဟာ နာမည်ကျော်လာတဲ့အတွက် အခုအခါ စင်္ကာပူက ပုဂ္ဂလိက ကျောင်းတွေတင် မကပဲ ထိုင်း၊ မလေး အစရှိတဲ့ အာစီယံ နိုင်ငံတွေက အစိုးရနဲ့ ပုဂ္ဂလိက ကျောင်းတွေ အပါအဝင် ကမ္ဘာ့ နိုင်ငံ အနှံက ကျောင်းတွေမှာပ လက်ခံသုံးစွဲ သင်ကြားနေ ကြပြီ ဖြစ်ပါတယ်။ သမရိုးကျသင်္ချာသင်ကြားနည်းနဲ့ Singapore Maths စင်ကာပူနည်းနဲ့ဘာကွာလဲ သမရိုးကျ သင်္ချာသင်ကြားနည်းမှာ ပထမ ဆရာက နမူနာ ပုဒ်စာ တစ်ပုဒ် နှစ်ပုဒ်ကို အရင် တွက်ပြမယ်။ ပြီးရင် ကျောင်းသားတွေက …

Singapore Maths စင်္ကာပူနည်းနဲ့ သင်္ချာသင်မယ် Read More »

ကလေးတွေ ဘဝအောင်မြင်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ Executive Function

အခုတလော ကလေးဉာဏ ဖွံ့ဖြိုးမှု ပညာရှင်တွေ အကြားမှ Hot ဖြစ်နေတဲ့ စကားလုံး တစ်လုံးကတော့ Executive Function ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ ကလေးတစ်ယောက် ကျောင်းမှာ ဘယ်လောက် အောင်မြင်မှုရမယ် ဆိုတာကို ဒီ executive function က အဆုံးအဖြတ် ပေးသလို ဒီကလေး ဘဝမှာ ဘယ်လောက် အောင်မြင်မှု ရနိုင်မယ် ဆိုတာကိုလဲ ဒီ executive function ကပဲ အဆုံးအဖြတ် ပေးပါတယ်တဲ့။ ဒါဆို ဒီ executive function ဆိုတာဘာလဲ။ ဘယ့်အတွက်ကြောင့် ကလေးဘဝ အောင်မြင်မှုအတွက် အရေးပါ ရတာလဲ။ executigve function ကောင်းမကောင်း ဘယ်လို သိနိုင်မလဲ။ executive function ကောင်းလာအောင် …

ကလေးတွေ ဘဝအောင်မြင်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ Executive Function Read More »

ကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ

ထုံးစံကတော့ ကလေးတွေကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းတွေကို မူကြို စတက်တဲ့ အချိန်ကြမှ စသင်လေ့ ရှိပါတယ်။ ဒါပေမယ့် ပညာရှင် တွေကတော့ ကလေးကို ဂဏန်းရေတာကို အသက် တစ်နှစ်လောက်ကစလို့ စသင်ပေးလို့ ရပြီလို့ ဆိုပါတယ်။ ကျောင်းမနေမီ ကလေးကို ကြိုတင်ပြီး ဂဏန်းသင်္ချာ စသင်ပေးခြင်းအားဖြင့် ကျောင်းမှာ သင်္ချာ စသင်တဲ့ အခါမှာ ကလေးအတွက် ပိုပြီး နားလည်ရ လွယ်ကူစေပါတယ်။  ကျောင်းမနေမီ ကလေးကို သင်္ချာ သင်တယ် ဆိုလို့ ကျောင်းမှာ ငယ်ငယ်က သင်သလို ကျောက်သင်ပုန်းပေါ် ၁၂၃၄ ရေးပြီး သင်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ ကလေးကို ဂဏန်းသင်္ချာ သင်တာ ကလေးပျော်အောင် သင်ပေးလို့ ရပါတယ်။ …

ကျောင်းမနေမီ ကလေးကို တစ်၊ နှစ်၊ သုံး၊ လေး ဂဏန်းရေတာ သင်ပေးပါ Read More »

ဉာဏ်ကောင်းတဲ့ကလေးတွေဖြစ်လာအောင်

သင့်ကလေးရဲ့ အတွေ့အကြုံတွေ၊ အမှတ်ရ စရာ အဖြစ်အပျက်တွေဟာ သူ့ရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှု အတွက် အရေးပါပါတယ်။ သင့်ကလေးရဲ့ မှတ်ဉာဏ် ဖွံ့ဖြိုးမှုကို အားကောင်းအောင် အောက်ပါနည်းလမ်းတွေနဲ့ ဆောင်ရွက်နိုင်ပါတယ်။ သင့်ကလေး ငယ်စဉ်က ကစားခဲ့တဲ့ အကြိုက်ဆုံး အရုပ်ကလေးတွေ၊ မိသားစုနဲ့ အတူထွက်ခဲ့တဲ့ ခရီးစဉ်တွေ၊ အမှတ်တရ အဖြစ်အပျက်တွေ အားလုံးကို ကလေးကြီးလာသည်အထိ အကုန်လုံးတော့ မှတ်မိနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို အဖြစ်အပျက်တွေဟာ ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက် အရေးပါ ပါတယ်။ ဒီအမှတ်ရစရာ အဖြစ်အပျက်တွေဟာ ကလေးရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှု အတွက် အခြေခံ အုတ်မြစ်တွေ ဖြစ်လို့ပါ။ ဒီလို အမှတ်တရ အဖြစ်အပျက် တွေကနေ တဆင့် ကလေးတွေဟာ သူတို့ရဲ့ ပါတ်ဝန်းကျင် …

ဉာဏ်ကောင်းတဲ့ကလေးတွေဖြစ်လာအောင် Read More »

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သမီးမိန်းကလေးတွေ ဖြစ်လာစေဖို့

မိန်းကလေးတွေဟာ ယောကျ်ားလေးတွေနဲ့ယှဉ်ရင် ငယ်စဉ်မှာ ပိုပြီး အစကောင်းကြပါတယ်။ သူတို့ဟာ စကားစပြောတာ စောသလို၊ ပေါင်းသင်းဆက်ဆံရေးမှာလဲ ပိုကောင်းကြပါတယ်။ အတန်းထဲမှာ ဆိုရင်လဲ ထိပ်ဆုံးက နေလေ့ရှိကြပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက် အရွယ်လောက်က စလို့ သူတို့ဟာ သူတို့ပတ်ဝန်းကျင်က ပေးလာတဲ့ ဖိအားတွေကြောင့် စိတ်ရှုပ်ထွေးလာ နိုင်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် – “မိန်းကလေး တစ်ယောက်မှာ ရုပ်လှဖို့က စာတော်ဖို့ထက် ပိုအရေးကြီးတယ်” ဆိုတာမျိုးတွေ၊ “မိန်းကလေးက လင်ကောင်းသားကောင်းရဖို့ အရေးကြီးတယ်” တို့၊ နောက်ပြီး ပတ်ဝန်းကျင်က သူငယ်ချင်းတွေရဲ့ ပြောဆိုမှုတွေ၊ စာတော်တဲ့ မိန်းကလေးတွေမို့ ယောကျ်ားလေးတွေရဲ့ သတိထား ခံရမှုတွေ၊ အစရှိ တာတွေအားလုံးဟာ သမီးမိန်းကလေးတွေကို စိတ်ရှုပ်ထွေးလာစေနိုင်ပြီး ပညာရေးပိုင်းမှာ ထိခိုက်လာတာ၊ မိမိကိုယ်ကကို ယုံကြည်ချက် …

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သမီးမိန်းကလေးတွေ ဖြစ်လာစေဖို့ Read More »

ကစားစရာ အရုပ်တွေဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ဘယ်လိုအထောက်အကူ ပြုသလဲ

ကလေးတစ်ယောက် သူ့ပါတ်ဝန်းကျင်ကို ဘယ်လိုမြင်လဲ ဆိုတဲ့ အမြင်ဟာ သူ့ကို ထိန်းကျောင်းတဲ့ မိခင် (သို့) ကလေးထိန်းရဲ့ လက်ပါ်မှာ အစပြုပြီး တဖြည်းဖြည်း ဖွံ့ဖြိုး လာတာပါ။ သူတို့လေးတွေ သူတို့ရဲ့ ပါတ်ဝန်းကျင်ကို ဘယ်လိုမြင်လဲ ဆိုတဲ့ အမြင်ဟာ သူတို့ရဲ့ အရှေ့မှာ ဘာတွေမြင်ရ တွေ့ရလဲ ဆိုတာက အများကြီး လွမ်းမိုးနေပါတယ်။ သူတို့တွေ မိခင်ရဲ့ ဝမ်းထဲမှာ ရှိနေချိန်ကစလို့ ဆယ်ကျော်သက် အရွယ် ဝင်သည့်အချိန်အထိ သူတို့ဟာ ရေမြှုပ်လိုပါပဲ။ သူတို့ပါတ်ဝန်းကျင်က မြင်သမျှ၊ ကြားသမျှကို စုပ်ယူပြီး ပတ်ဝန်းကျင်အပေါ် သူတို့ရဲ့ အမြင်ကို ပုံဖော်ကြတာပါ။ ဒီအချက်ဟာ အခြေအနေပေါ်မူတည်ပြီး ကောင်းကျိုးရော၊ ဆိုးကျိုးပါ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒါကို အကြိုးရှိစွာ အသုံးချ တတ်မယ် …

ကစားစရာ အရုပ်တွေဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ဘယ်လိုအထောက်အကူ ပြုသလဲ Read More »