May 2018

သင့်ကလေးကို မပြောသင့်တဲ့ စကားငါးခွန်း

သင့်ကလေးကို မပြောသင့်တဲ့ စကားငါးခွန်း

ကလေးတွေရဲ့ ဦးဏှောက်ဟာ အလွန်ကို နုနယ်ပါတယ်။​ ဒီလိုပဲ ကလေးတွေရဲ့ စိတ်ဟာလဲ အလွန်နုနယ်တဲ့ အတွက် လူကြီးတွေက သူတို့ကို ပြောတဲ့ စကားတွေကို လက်လွတ်စပယ် မပြောပဲ ဆင်ခြင်သင့်ပါတယ်။ လူကြီးမိဘရဲ့ စကားအမှား တစ်ခုကြောင့် ကလေးရဲ့ စိတ်ခံစားမှုကို ထိခိုက်သွားနိုင်ပါတယ်။ အောက်မှာ ကလေးစိတ်ပညာရှင်တွေက ကလေးတွေကို မိဘလုပ်သူတွေအနေနဲ့ မပြောသင့်ဘူးလို့ ထောက်ပြထားတဲ့ စကားငါးခွန်းအကြောင်းကို ဆွေးနွေထားပါတယ်။ တိတ်စမ်းမငိုနဲ့ တစ်ခါတစ်ရံမှာ ကလေးတွေဟာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိပဲ ငိုနေတတ်ကြပါတယ်။ တစ်ခါတစ်လေ အကြာကြီး ငိုတဲ့ အခါကြတော့ မိဘလုပ်သူက စိတ်တိုပြီး “တိတ်စမ်း၊ မငိုနဲ့၊ အခုတိတ်” ဆိုပြီး ဆူမိငေါက်မိ တတ်ပါတယ်။ ဒါမျိုး ကလေးရှိတဲ့ မဘတိုင်း ကြုံဘူးမှာပါ။ ဒီလိုဆူငေါက်လိုက်လို့ ကလေးက …

သင့်ကလေးကို မပြောသင့်တဲ့ စကားငါးခွန်း Read More »

ကိုယ့်သားသမီးကို ဘယ်တော့မှ တခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

“အန်တီနု သားလေးက တော်လိုက်တာ” “သူများသားသမီးတွေ တော်လိုက်ကြတာ၊ ငါ့သမီးကျတော့ …” “သမီးသူငယ်ချင်း မွန်မွန်က ဆုရပြီး ဘာလို့ သမီးက မရရတာလဲ” “ဘာလို့ ငါ့သားက အောင်အောင့်လို မတော်ရတာလဲ” သင်ဟာ ကလေးမိဘ တစ်ယောက်ဆိုရင် ဒီလိုမျိုး ကိုယ့်ကလေးကို သူများကလေးတွေနဲ့ နှိုင်းယှဉ်ပြီး ပြောတာမျိုး ပြုလုပ်ဖူးပါသလား။ ကလေးမိဘတိုင်းလိုလို အနည်းနဲ့ အများတော့ ဒီလိုမျိုး ကိုယ့်သားသမီးကို သူများ သားသမီးတွေနဲ့ နှိုင်းယှဉ်တာမျိုး လုပ်ဖူးကြမှာပါ။ အနည်းဆုံးတော့ စိတ်ထဲက နှိုင်းယှဉ်မိတာမျိုးတော့ ဖြစ်ဖူးမှာပါ။ ဒါပေမယ့် ဒီလို ကိုယ့်သားသမီးကို သူများ သားသမီးတွေနဲ့ နှိုင်းယှဉ်ပြီး ပြောတာဟာ အဓိက ကတော့ ကိုယ့်သားသမီးကို သူများသားသမီးတွေလို တော်စေချင်၊ တတ်စေချင်တဲ့ စေတနာနဲ့ ပြောတာမျိုး ဖြစ်တတ်ပါတယ်။​ …

ကိုယ့်သားသမီးကို ဘယ်တော့မှ တခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့ Read More »

ကျွန်မကလေးက အခု တစ်နှစ်ခွဲပါ၊ အဲ့ဒါ သူ့ကို အင်္ဂလိပ် စကားလုံးတွေ သင်ပေးချင်လို့ ဘယ်လို သင်ပေးရမလဲ

အသက် ၁ နှစ်ခွဲကလေးကို အင်္ဂလိပ်စာ သင်ဖို့ ငယ်လွန်းသေးတယ်လို့ အချို့က စောဒက တက်ကောင်းတက်ပါလိမ့်မယ်။ တကယ်က မငယ်တော့ပါဘူး။ ကျွန်တော့အတွေ့အကြုံအရ ကျွန်တော့ကလေးတွေကို အင်္ဂလိပ်စကားလုံး တွေနဲ့ နားယဉ်အောင် သူတို့ကို အသက် ၆ လလောက် ကတဲက အင်္ဂလိပ်လို စပြောခဲ့ပါတယ်။ ကလေးအငယ်က အခုဆို အသက် ၃ နှစ်မှာ အင်္ဂလိပ်လို အတော်ပြောနိုင်ပါပြီ (အခုထက်ထိတော့ “I is” လို့ တစ်ခါတစ်ရံ ပြောတုန်းပါ)။ သမီးအကြီးက အသက် ၇ နှစ်မှာ အင်္ဂလိပ် chapter books အလွယ်တွေကို စာလုံးမပေါင်းပဲ ကောင်းကောင်း ဖတ်နေနိုင်ပါပြီ။ အင်္ဂလိပ်လိုလဲ အတော်ကို ပြောနေနိုင်ပါပြီ (ကျွန်တော် ၁၀ တန်းတုန်းကတောင် သူ့လောက် မပြောနိုင်ပါဘူး)။ …

ကျွန်မကလေးက အခု တစ်နှစ်ခွဲပါ၊ အဲ့ဒါ သူ့ကို အင်္ဂလိပ် စကားလုံးတွေ သင်ပေးချင်လို့ ဘယ်လို သင်ပေးရမလဲ Read More »

ပုံပြင်စာအုပ်တွေက ကလေးတွေရဲ့ အင်္ဂလိပ်စာ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုနိုင်သလဲ

အောက်ပါဆောင်းပါးမှာ ကလေးပုံပြင် စာရေးဆရာမ Karen Saxby ၏ ဆောင်းပါးကို သင့်လျှော်အောင် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ Karen Saxby ဟာ Cambridge University Press က ထုတ်ဝေတဲ့ Storyfun စာအုပ်တွေကို ရေးသားတဲ့ စာရေးဆရာမ ဖြစ်ပြီး English Assessment English ပညာရှင် တစ်ဦးလဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ စာရေးဆရာမ ကယ်ရင်က ပုံပြင်စာအုပ်တွေဟာ အင်္ဂလိပ်စ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုသလဲဆိုတာကို တင်ပြဆွေးနွေး ထားပါတယ်။ ဒီဆောင်းပါးမှာ တင်ပြထားတာတွေဟာ မူရင်းစာရေးသူရဲ့ အာဘော်များသာ ဖြစ်ပါတယ်။ ကလေးဘဝတုန်းကတော့ ကျွန်မဟာ ကျွန်မအဖိုးရဲ့ ပေါင်ပေါ်မှာထိုင်ပြီး အဖိုးပြောတဲ့ ပုံပြင်တွေကို နားထောင်ရတာကို အလွန်ပဲ နှစ်ချိုက်ခဲ့ ပါတယ်။ အခု …

ပုံပြင်စာအုပ်တွေက ကလေးတွေရဲ့ အင်္ဂလိပ်စာ သင်ကြားရေးကို ဘယ်လိုအထောက်အကူ ပြုနိုင်သလဲ Read More »

ကလေးတစ်ယောက်ဟာ တစ်နေ့ကို အချိန်ဘယ်နှစ်နာရီလောက် စာဖတ်သင့်သလဲ

ကလေးတစ်ယောက်အတွက် စာများများ ဖတ်လေလေ စာဖတ်အားကောင်းလာပြီး စကားလုံးတွေ ကြွယ်ဝလာလေလော ဖြစ်ပါတယ်။ ပညာရှင်တွေက စာစဖတ်စ ကလေးငယ် တစ်ယောက်ဟာ (အသက် ၅ – ၇ နှစ်လောက် ကလေးတွေ) တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ မိနစ်နှစ်ဆယ်လောက်ထိ စာဖတ်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဒါဟာ ပုံမှန်လုပ်နေကြ ကျောင်စာတွေနဲ့ ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေ ဖတ်တဲ့အချိန်အပြင် ထပ်တိုးပြီး ဖတ်ဖို့အချိန်ကို ဆိုလိုတာပါ (ကျောင်းစာလုပ်ချိန်က ဒီ ၁၅ – ၂၀ မိနစ်အတွင်းမှာ မပါပါဘူး။) ပြင်ပဗဟုသုတနဲ့ ပုံပြင်တွေလို ဖြေဖျော်ရေးအတွက် ဖတ်တဲ့ အချိန်ကို ဆိုလိုတာပါ။ ဒါပေမယ့် ပညာရှင်တွေက စာဘယ်နှစ်မိနစ် ဖတ်လဲဆိုတာထက် စာဘယ်လောက် ပမာဏ ဖတ်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်လို့ …

ကလေးတစ်ယောက်ဟာ တစ်နေ့ကို အချိန်ဘယ်နှစ်နာရီလောက် စာဖတ်သင့်သလဲ Read More »